ဘာလ်တီမိုးတံတားကို ဝင်တိုက်ခဲ့သည့် သင်္ဘော၏ကုမ္ပဏီမှ ဒေါ်လာသန်း ၁၀၀ ရရှိရန် အမေရိကန် တရားစွဲ

ဘာလ်တီမိုးတံတားကို ဝင်တိုက်ခဲ့သည့် သင်္ဘော၏ကုမ္ပဏီမှ ဒေါ်လာသန်း ၁၀၀ ရရှိရန် အမေရိကန် တရားစွဲ
Published 19 September 2024

ဘာလ်တီမိုးတံတားကို ပျက်စီးသွားစေခဲ့သည့် ကုန်တင်သင်္ဘော၏ စင်ကာပူပိုင်ရှင် နှင့်သင်္ဘောကိုလုပ်ကိုင်နေသောကုမ္ပဏီတို့ ထံမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ရရှိရန် အမေရိကန်တရားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်တွင် တရားစွဲလိုက်သည်ဟု သိရသည်။ မီတာ ၃၀၀ ရှည်သော M/V Dali သည် မတ် ၂၆ ရက်တွင် ဖရန်ဆစ် စကော့ကီးတံတားကို ဝင်တိုက်ခဲ့သောကြောင့် လမ်းပြင်လုပ်သား ခြောက်ဦးသေဆုံးခဲ့ရပြီး အသွားအလာများပြားသော ရေလမ်းကြောင်းသည် ပိတ်ဆို့သွားခဲ့သည်။

Grace Ocean Private and Synergy Marine Private ကုမ္ပဏီတို့ကို တရားမမှုဖြင့် တရားစွဲခြင်းအား  မယ်ရီလန်းခရိုင်အတွက် အမေရိကန်ခရိုင် တရားရုံးတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။“တရားရေးဝန်ကြီးဌာနဟာ ဖရန်ဆစ်စကော့ ကီးတံတားပျက်ဆီးမှုအတွက် တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ ဆောင်ရွက်နေပါတယ်”ဟု ရှေ့နေချုပ် မာရစ်ဂါလန်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ဒီတရားမကြောင်းအရ တောင်းဆိုမှုနဲ့အတူ တရားရေးဝန်ကြီးဌာနဟာ ရေလမ်းကြောင်း ရှင်းလင်းတာတွေလုပ် လို့ ကုန်ကျခဲ့တဲ့စရိတ်တွေနဲ့ဘာလ်တီမိုး ဆိပ်ကမ်းပြန်ဖွင့်ရတဲ့ ကုန်ကျစရိတ်တို့ကို အခွန်ထမ်းအမေရိကန်ပြည်သူတွေကကျခံရမှာမဟုတ်ဘဲ တံတားပြိုကျမှုကို ဖြစ်ပေါ်စေခဲ့တဲ့ ကုမ္ပဏီတွေကျခံရမှာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။                                             Ref: AFP

Most Read

Most Recent