စီးရီးအေ နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စီးရီးအေ နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 16 September 2024

ပါးမား နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)

တန်းတက်အသင်းတွေထဲမှာ ပါးမားကို အားအရဆုံးပဲ။ နောက်ဆုံးပွဲမှာလည်း နာပိုလီကို ရှုံးခဲ့ပေမဲ့ ကစားပုံကောင်းခဲ့တယ်။ အူဒီးနီးစ်က ရလဒ်တွေကောင်းနေတဲ့ အသင်းပါ။ ဒါပေမဲ့ ပါးမားနဲ့ ရပ်တည်သင့်တယ်။

လာဇီယို နှင့် ဗီရိုနာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဒီနှစ်သင်းတွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၄)ပွဲဆက် (၂) သင်းပေါင်းသွင်းဂိုး (၂)ဂိုးနဲ့ အောက်ပဲ ရှိခဲ့တယ်။ ရောမမှာ ကစားရမှာဖြစ်ပေမဲ့ လာဇီယိုအတွက် ခက်ခဲနိုင်တယ်။ သရေကျဖို့များတယ်။

ဗယ်လက်ကာနို နှင့် အိုဆာဆူနာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

အိုဆာဆူနာရဲ့အဝေးကွင်းကစားအားက အရင်လိုတောင့်တင်းမှုမရှိသေးဘူး။ ဗယ်လက်ကာနိုကလည်း ဒီရာသီမှာခြေမငြိမ်သေးပေမဲ့ အိမ်ကွင်းမှာတော့ ကစားပုံပိုကောင်းလေ့ရှိလို့ အိုဆာဆူနာဆီက အမှတ်ရအောင်ယူနိုင်ဖို့များနေတယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအများပဲကြိုက်တယ်။

Most Read

Most Recent