ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 15 September 2024

စပါး - အာဆင်နယ် (တနင်္ဂနွေည ရး၃၀ နာရီ)

စပါးက ဒီရာသီမှာ တစ်ပွဲသရေ၊ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားတယ်။ ၃ ပွဲမှာရလဒ် ၃ မျိုးထွက်တယ်။ ဒါပေမဲ့ တူညီတဲ့အချက် က စပါးက ကစားပုံအရမ်းကောင်းနေတယ်။ တိုက်စစ်က မြိုင်တယ်။ ဖွင့်တိုက်တယ်။ စပါးရဲ့ ပွဲတွေက ပရိသတ်တွေကို ဖျော် ဖြေမှုပေးနိုင်တယ်။ အာဆင်နယ်က ဒီရာသီ ပွဲစဉ် ၃ ပွဲမှာ အဖွင့် ၂ ပွဲနိုင်ခဲ့ပြီး နောက်ဆုံးပွဲမှာတော့ သရေကျထားတယ်။ သရေ ကျတဲ့ပွဲကလည်း ဘရိုက်တန်လိုအသင်းကောင်းနဲ့ ဖြစ်ပြီး တကယ်တော့လည်း ဘရိုက်တန်ကိုတောင် အာဆင်နယ်နိုင်ခဲ့သင့် တာပါ။ ရိုက်စ်ရဲ့အနီကတ်က ပွဲအခြေအနေကို ပြောင်းသွားစေခဲ့တာဖြစ်တယ်။ အာဆင်နယ်ကစားတာက စပါးထက်ပိုပြီး သပ်  ရပ်ပြီး စနစ်ကျပါတယ်။ ဒီပွဲမှာ အာဆင်နယ်ရဲ့ အဓိက ပြဿနာက အော်ဒီဂွါဒဏ်ရာ၊ ရိုက်စ်ပွဲပယ် ပြဿနာတွေဖြစ်နေတာ က စပါးအတွက် အားသာချက်ပါ။ စပါး သရေလောက်တော့ ရနိုင်တယ်။ 

ဝုလ်ဗ် - နယူးကာဆယ် (တနင်္ဂနွေည ၁၀း၀၀ နာရီ)

ဝုလ်ဗ်ကတော့ အာဆင်နယ်၊ ချယ်လ်ဆီးတို့ကို အပြတ်အသတ်ရှုံးနိမ့်ထားပြီး နောက် ဆုံးပွဲမှာ ဖောရက်စ်နဲ့ သရေကျခဲ့တယ်။ နယူးကာဆယ်က ဒီရာသီမှာ အင်အားဖြည့်တင်း မှု ကြီးကြီးမားမား မရှိပေမယ့် ထိပ်တန်းကစားသမားတွေကို ပိုင်ဆိုင်ထားဆဲပါ။ လက်ရှိ အချိန်မှာလည်း ဝုလ်ဗ်အသင်းထက် ပိုအားကောင်းတောင့်တင်းပါတယ်။ နယူးကာဆယ် ကိုပဲ ကြိုက်တယ်။ 

Most Read

Most Recent