■ အင်္ဂလန်လက်ရွေးစင်နည်းပြရာထူးအတွက် လမ်းပတ် ရေပန်းစားနေဆဲဖြစ်

■ အင်္ဂလန်လက်ရွေးစင်နည်းပြရာထူးအတွက် လမ်းပတ် ရေပန်းစားနေဆဲဖြစ်
Photo: X
Photo: X
Published 13 September 2024

ချယ်လ်ဆီးအသင်း၏ နည်းပြဟောင်း လမ်းပတ်သည် အင်္ဂလန်လက်ရွေးစင်နည်းပြရာထူးအတွက် ရေပန်းစားနေဆဲဖြစ်ကြောင်း သိရသည်။

အင်္ဂလန်လက်ရွေးစင်အသင်းသည် နည်းပြ ဆောက်ဂိတ်နှင့် လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်တွင် လီကာစလေကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားသည်။ 

လီကာစလေသည် ပွဲဦးထွက်ကိုင်တွယ်ခဲ့သည့် နှစ်ပွဲစလုံးတွင် ရာနှုန်းပြည့်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် တရားဝင်နည်းပြ အဖြစ် ခန့်အပ်ခံရဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ မြင့်တက်လာခဲ့သည်။ 

သို့သော် ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်မှာ အင်္ဂလန်နည်းပြသစ် ဖြစ်လာနိုင်ခြေအရှိဆုံးသူများထဲတွင် တစ်ဦးအပါအဝင်အဖြစ် ရေပန်းစားနေဆဲဖြစ်ကြောင်း သိရသည်။ 

လမ်းပတ်(၄၆ နှစ်)သည် လက်ရွေးစင်ကစားသမားဘဝတွင် အင်္ဂလန်အသင်းအတွက် ပွဲ(၁၀၀)ကျော် ကစားပေးခဲ့သူဖြစ်ပြီး ကစားသမားဘဝမှ အနားယူပြီး နောက် ဒါဘီ၊ ချယ်လ်ဆီးနှင့် အဲဗာတန်အသင်းတို့ကို ကိုင်တွယ်ခဲ့သူဖြစ်သည်။  

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် နည်းပြသစ်အဖြစ် လီကာစလေ၊ လမ်းပတ်၊ ဂရေဟမ်ပေါ်တာနှင့် အက်ဒီဟောင်းတို့ထဲမှ တစ်ဦးဦးကို ရွေးချယ်ခန့်အပ်ဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။

Most Read

Most Recent