■ မြောက်လန်ဒန်ဒါဘီတွင် အာဆင်နယ် အနိုင်ရနိုင်သည်ဟု ပီရက်စ် ယုံကြည်      

■ မြောက်လန်ဒန်ဒါဘီတွင် အာဆင်နယ် အနိုင်ရနိုင်သည်ဟု ပီရက်စ် ယုံကြည်      
Photo: Getty Images
Photo: Getty Images
Published 13 September 2024

အာဆင်နယ်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ပီရက်စ်က အာဆင်နယ်အသင်းအနေဖြင့် လူမစုံလင်သည့်အခြေအနေရှိနေသော်လည်း ယခုတစ်ပတ် ယှဉ်ပြိုင်ကစားရမည့် မြောက်လန်ဒန်ဒါဘီပွဲ၌ စပါးအသင်းကို အနိုင်ရနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် မြောက်လန်ဒန်ဒါဘီအဖြစ် တနင်္ဂနွေနေ့တွင် စပါးအသင်းကို အဝေးကွင်း၌ သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

အာဆင်နယ်အသင်းသည် အဆိုပါပွဲစဉ်အတွက် အသင်းအဓိကကစားသမားများကို ဆုံးရှုံးထားရသည်။ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါသည် စပါးအသင်းနှင့်ကစားမည့်ပွဲကို ခြေချင်းဝတ်ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သလို၊ အဓိကကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ယင်းပွဲကို လွဲချော်မည်ဖြစ်သည်။ 

"ဒက်ကလန်ရိုက်စ်မပါနိုင်တာက အသင်းအတွက် ဆုံးရှုံးမှုဖြစ်ပေမဲ့ သူမပါဘဲ ဒါဘီပွဲမှာ အာဆင်နယ်အသင်း အနိုင်ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့ လူအင်အားက ပိုကောင်းလာတာကြောင့်ပါ"ဟု ပီရက်စ်က ပြောကြားခဲ့သည်။ 

ထို့ပြင် ပီရက်စ်သည် ပြင်သစ်နောက်ခံလူ ဆာလီဘာ၏ ခြေစွမ်းခြေစကိုလည်း ချီးကျူးပြောကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်း နောက်ဆုံး (၂) ရာသီဆက်တိုက် အဝေးကွင်း အနိုင်ရထားကြောင်း သိရှိရသည်။ 

 

Most Read

Most Recent