တန်ဟက်ဂ်အနေဖြင့်  ၎င်း၏မန်ယူနည်းပြဘဝကို ကယ်တင်ရန် (၂) ပွဲသာ အချိန်ရမည်ဟု အလန်ရှီးယား သုံးသပ်

တန်ဟက်ဂ်အနေဖြင့်  ၎င်း၏မန်ယူနည်းပြဘဝကို ကယ်တင်ရန် (၂) ပွဲသာ အချိန်ရမည်ဟု အလန်ရှီးယား သုံးသပ်
Photo: X
Photo: X
Published 5 September 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယားက တန်ဟက်ဂ်အနေဖြင့် ၎င်း၏မန်ယူနည်းပြဘဝကို ကယ်တင်ရန်အတွက် (၂) ပွဲသာ အချိန်ရမည်ဟု သုံးသပ်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုနွေတွင် ပေါင်သန်း (၂၀၀) ကျော်အသုံးပြုကာ ထိပ်တန်းကစားသမားများ ခေါ်ယူထားသော်လည်း ပရီးမီးယားလိဂ်ရာသီအစမှာပင် ရုန်းကန်နေရပြီး ပွဲစဉ် (၃) အပြီးတွင် (၁) ပွဲသာ အနိုင်ရကာ (၂) ပွဲ အထိ ရှုံးနိမ့်ထားသည်။

လီဗာပူးလ်အား အိမ်ကွင်းတွင် (၀-၃)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီးတွင် မန်ယူအသင်းတာဝန်ရှိသူများက တန်ဟက်ဂ်အား ထောက်ခံဆဲဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အလန်ရှီးယားကမူ တန်ဟက်ဂ်၏အနာဂတ်မှာ လာမည့်ပွဲစဉ်(၂) ပွဲအပေါ်တွင် မူတည်နေကြောင်း သုံးသပ်ခဲ့သည်။

''ခရစ္စမတ်ကာလအထိ မန်ယူမှာ တန်ဟက်ဂ် ဆက်ရှိချင်တယ်ဆိုရင် ရလဒ်ကောင်းအောင် လုပ်ဖို့လိုပါတယ်။ သူ့ရဲ့အနာဂတ်က ရှေ့လာမယ့်ပွဲ (၂)ပွဲမှာ မူတည်နေတာပါ''ဟု အလန်ရှီးယားက ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ရှေ့လာမည့်(၂)ပွဲ တွင် ဆောက်သမ်တန်၊ ဘန်စလေတို့နှင့် ကစားရမည်ဖြစ်ပြီး ပွဲချောင်နေသည်။ 

Most Read

Most Recent