နီကိုလက်စ်ဂျက်ဆင်ကို သက်တမ်းတိုးရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိ

နီကိုလက်စ်ဂျက်ဆင်ကို သက်တမ်းတိုးရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိ
Photo: Nicolas Jackson X
Photo: Nicolas Jackson X
Published 2 September 2024

ချယ်လ်ဆီးအသင်းသည် ဆီနီဂေါတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်ကို သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း ဗြိတိန်ဂျာနယ်လစ် ဒေးဗစ်အွန်စတိန်းက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဂျက်ဆင်(၂၃ နှစ်)ကို ၂၀၂၃ နွေရာသီကမှ ဗီလာရီးယဲလ်အသင်းထံမှ ပေါင်(၃၂)သန်းဖြင့် ခေါ်ယူကာ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။

သို့သော် ၎င်းအနေဖြင့် ပွဲဦးထွက်ရာသီတွင် ပြိုင်ပွဲစုံ၌ (၁၇)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး နည်းပြသစ် မာရက်စကာကလည်း အသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားသည့်အတွက် ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာချုပ်သစ်အရ နီကိုလက်စ်ဂျက်ဆင်သည် လစာတိုးမြင့်ရရှိသွားဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent