■ ကစားသမားဘဝတွင် ဂိုး(၁၀၀၀)အထိ သွင်းယူလိုသည်ဟု အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်လ်ဒို ပြောကြား

■ ကစားသမားဘဝတွင် ဂိုး(၁၀၀၀)အထိ သွင်းယူလိုသည်ဟု အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်လ်ဒို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 30 August 2024

ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက သွင်းဂိုး (၁၀၀၀) ပြည့်အထိ သွင်းယူနိုင်ရန် မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    

စီရော်နယ်လ်ဒိုသည် သြဂုတ် (၂၇) ရက်က အယ်လ်ဖေဟာအသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘဝ သွင်းဂိုးစုစုပေါင်း (၈၉၉) ဂိုးရှိလာပြီး ဂိုး (၉၀၀) ပြည့်ရန် တစ်ဂိုးသာ လိုအပ်တော့သည်။ 

UR Cristiano You Tube Channel တွင် မန်ယူအသင်းဖော်ဟောင်း ရီယိုဖာဒီနန်နှင့်ပြု လုပ်ထားသည့် အင်တာဗျူးအစီအစဉ်၌ စီရော်နယ်လ်ဒိုက ကစားသမားဘဝတွင် သွင်းဂိုး (၁၀၀၀) အထိ သွင်းယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 "မကြာခင်မှာ ကျွန်တော်ရဲ့သွင်းဂိုးက ဂိုး (၉၀၀) ပြည့်တော့မှာပါ။ အဲဒီနောက်မှာ ဂိုး (၁၀၀၀) အထိ သွင်းချင်ပါတယ်။ ဂိုး (၁၀၀၀) ကို အသက် (၄၁) နှစ်မှာ သွင်းယူနိုင်မလားဆိုတာ မသိပါဘူး။ ဒဏ်ရာမရှိဘူး ဆိုရင်ပေါ့။ အဲဒါက ကျွန်တော့်အတွက် အရေးကြီးဆုံးပါပဲ။ ဂိုး (၁၀၀၀) ပြည့်အောင် သွင်းချင်ပါတယ်"ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။