ဂျေးဇူး၏ ဒဏ်ရာပြဿနာကြောင့် တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူဖွယ်ရှိဟု အာတီတာ အရိပ်အမြွက်ပြောကြား

ဂျေးဇူး၏ ဒဏ်ရာပြဿနာကြောင့် တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူဖွယ်ရှိဟု အာတီတာ အရိပ်အမြွက်ပြောကြား
Photo: Fabrizio
Photo: Fabrizio
Published 26 August 2024

အာဆင်နယ်အသင်းနည်းပြ မီခေးလ်အာတီတာက ဘရာဇီးလ်တိုက်စစ်ကစားသမား ဂါဘရီယဲလ်ဂျေးဇူး၏ ဒဏ်ရာပြဿနာကြောင့် အပြောင်းအရွှေ့မပိတ်မီ တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားသည်။

အာဆင်နယ်အသင်းတွင် အထောင်တိုက်စစ်နေရာကစားနိုင်သည့် စီနီယာကစားသမားအဖြစ် ဟာဗက်ဇ်နှင့် ဂျေးဇူး နှစ်ဦးသာ ရှိပြီး ဂျေးဇူးမှာ ပေါင်ခြံဒဏ်ရာကြောင့် ဗီလာအသင်းနှင့်ပွဲကို လွဲချော်ခဲ့သည်။

သို့ဖြစ်ရာ အာတီတာက အပြောင်းအရွှေ့ကာလမပိတ်မီ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖွယ်ရှိကြောင်း ယင်းပွဲအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

''လူစာရင်းအတွက် ကျွန်တော်တကယ်ကို ပျော်ရွှင်ပါတယ်။ ဂါဘရီယဲလ်ဂျေးဇူး ဒဏ်ရာရထားတယ်ဆိုတာ အမှန်ပါပဲ။ အဲဒါကြောင့် ကျွန်တော်တို့နဲ့အတူ သူမပါနိုင်တာပါ။ ကျွန်တော်တို့မှာ ရွေးချယ်စရာက နည်းပါတယ်။ တစ်ခုခုလုပ်နိုင်မယ်ဆိုရင် လုပ်ဖြစ်မှာပါ'' ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဂျေးဇူး၏ ဒဏ်ရာအခြေအနေ နှင့်ပတ်သက်၍ အာတီတာက ''ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ တနင်္ဂနွေ ဒါမှမဟုတ် တနင်္လာနေ့မှာ စစ်ဆေးမှုရလဒ်တွေကိုကြည့်ပြီးတော့ ရက်ပိုင်းအနားယူရမှာလား။ ရက်သတ္တပတ်လောက် အနားယူရမှာလားဆိုတာ သိရမှာပါ။ အချိန်ဘယ်လောက်နားရမလဲ ဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး'' ဟု ဆက်လက်ပြောကြားသည်။