ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးအား ခေါ်ယူရန် မန်ယူအသင်းကို လီဗာပူးလ်ကွင်းလယ်လူဟောင်း ဒန်နီမာဖီ တိုက်တွန်း

ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးအား ခေါ်ယူရန် မန်ယူအသင်းကို လီဗာပူးလ်ကွင်းလယ်လူဟောင်း ဒန်နီမာဖီ တိုက်တွန်း
Photo: Daily Mail
Photo: Daily Mail
Published 24 August 2024

 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်ကွင်းလယ်လူဟောင်း ဒန်နီမာဖီက မဟာပြိုင်ဘက် မန်ယူအသင်းအား ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေး ကို ခေါ်ယူရန် တိုက်တွန်းပြောကြားခဲ့သည်။ 

အသက် ၂၈ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှုူး တိုနေးသည် ဘရန့်ဖို့ဒ် အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်မီ အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း သိရသည်။ 

တိုနေးအား ခေါ်ယူရန် စိတ်ဝင်စားနေသည့် ကလပ်အသင်းများစွာ ရှိသော်လည်း လက်ရှိတွင် ဆော် ဒီကလပ် အယ်လ်အာလီအသင်းတစ်သင်းတည်းကသာ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရသည်။ တိုနေးအနေဖြင့် လက်ရှိတွင် ဆော်ဒီသို့ ပြောင်းရွှေ့လိုခြင်း မရှိဘဲ ဆုဖလားများ စိန်ခေါ်နိုင်သည့် ဥရောပထိပ်တန်းအသင်းတစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားလိုနေကြောင်းလည်း သိရသည်။ 

ယင်းအနေအထားတွင် လီဗာပူးလ်ကွင်းလယ်လူဟောင်း ဒန်နီမာဖီက ဟွိုင်လန်းနှင့် ဇက်ဇီတို့ထက် ဂိုးသွင်းပိုကောင်းသည့် တိုနေးအား ခေါ်ယူရန် မန်ယူအသင်းကို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

မာဖီက "ဇက်ဇီရဲ့ မန်ယူပွဲထွက်က လှပခဲ့ပြီး သူဟာ ပါရမီရှင်ကစားသမားတစ်ယောက်ဆိုတာလည်း သိသာပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သူဟာ မန်ယူအသင်းရဲ့ သွင်းဂိုးပြဿနာကို ဖြေရှင်းပေးနိုင်မယ့်သူမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဇက်ဇီက သန်မာပြီး စွမ်းရည်အပြည့် ရှိပေမဲ့ သူဟာ တိုက်စစ်မှူးစစ်စစ် မဟုတ်ပါဘူး။ မန်ယူအသင်း အဓိကလိုအပ်နေတာက တိုနေးလို နံပါတ် ၉ ကစားသမားပါ။ တိုနေး က ဂိုးသွင်းကောင်းသလို ပရီးမီးယားလိဂ်အတွေ့အကြုံလည်း ရှိပါတယ်။ ဟွိုင်လန်း စိတ်မရတဲ့အခြေအနေမှာ မန်ယူအနေနဲ့ တိုနေးကို ခေါ်သင့်ပါတယ်"ဟု ပြောကြားခဲ့သည်။