■ ယနေ့ညကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ညကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 23 August 2024

■  လာလီဂါပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက် 

ဆယ်လ်တာဗီဂို - ဗလင်စီယာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၃ ရက် ည ၁၁:၃၀ နာရီ)

ပွဲဦးထွက်အိမ်ကွင်းနိုင်ပွဲနဲ့အတူ ဆယ်လ်တာဗီဂိုတို့ယုံ ကြည်မှုပိုကောင်းနေနိုင်တယ်။ ဗလင်စီယာကလည်းအဝေးကွင်းမှာ ထိန်းကစားတာများလို့ အက်စ်ပတ်စ်ဦးဆောင်နေတဲ့ ဆယ်လ်တာဗီဂိုတိုက်စစ် ဒီပွဲလည်းဂိုးတွေရအောင်ကစားပြနိုင်မလားစောင့်ကြည့်ရမှာပါ။ ဗလင်စီယာကတော့ အနည်းဆုံးသရေတစ်မှတ်ရဖို့အားထုတ်လာမှာဖြစ်ပြီး အိမ်ကွင်းအဖွင့်ပွဲမှာ ရှုံးပွဲကြုံထားလို့လည်း အခုပွဲကိုပိုအာရုံစိုက်လာမှာပါ။ ဂိုးနည်း သရေပွဲဖြစ်သွားဖို့များတယ်။



ဆီဗီလာ - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် နံနက် ၂:၀၀ နာရီ)

ဗီလာရီးယဲလ်ရဲ့အဝေးကွင်းကစားအားကိုစောင့်ကြည့်ရမယ်။ အသင်းက သက်ကြီးကစားသမားတွေကို အဓိကအားပြုထားလို့ ကြံ့ခိုင်မှုအပိုင်းမှာ လိုအပ်ချက်တွေရှိနေသေးတယ်။ ဒီအချက်ကပဲ ဆီဗီလာလိုအိမ်ကွင်းကစားပုံမာကျောတဲ့အသင်းကိုရင်ဆိုင်ရာမှာ ဗီလာရီးယဲလ်အတွက် အားနည်းချက်လိုဖြစ်သွားနိုင်တယ်။ ဆီဗီလာကတော့ ရာသီအစအိမ်ကွင်းပွဲ မှာအမှားခံဖို့မရှိဘဲ အမှတ်ပြည့်ရနိုင်ဖို့ အားကုန်ရုန်းလာမှာပါ။ ဆီဗီလာနဲ့ ဂိုးအများကိုပဲ ပိုကြိုက်တယ်။ 



■ ဘွန်ဒစ်လီဂါပွဲစဉ် (၁)  ပွဲကြိုသုံးသပ်ချက် 

မိုချန်ဂလာဘတ် - လေဗာကူဆင် (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် နံနက် ၁:၀၀ နာရီ)

ဂျာမန်စူပါဖလားပွဲ စွမ်းဆောင်ရည်အရတော့ လေဗာကူဆင်ရဲ့ဝိသေသလက္ခဏာတွေကတော့ ပြီးခဲ့တဲ့ရာသီကအတိုင်း ဘာမှမပြောင်းလဲသွားသေးဘူး။ ပွဲပြီးခါနီးမှာ ချေပဂိုး သွင်းတယ်၊ တစ်ယောက်လျော့အနေအထားမှာ စိတ်ဓာတ်ပိုင်းကလည်း အတော်လေးကောင်းမွန်တယ်။ ဒါ့အပြင် မိုချန်ကွင်းမှာ လေဗာကူဆင်အသင်း တောက်လျှောက်အသာစီးရထားတာကလည်း တစ်ပန်းသာနေတယ်။ မိုချန်ဂလာဘတ်ကလည်း ဂျာမန်ဖလားပွဲအပြင် ရာသီကြိုခြေစမ်းပွဲအားလုံး အနိုင်ကစားထားတာ တွေ့ရတယ်။ အဝေးကွင်းဖြစ်ပေမဲ့ လေဗာကူဆင်ပဲ အနိုင်ရဖို့များတယ်။

 



■ ပြင်သစ်လီဂူးပွဲစဉ် (၂) ပွဲကြိုသုံးသပ်ချက်



PSG - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၄ ရက် နံနက် ၁:၁၅ နာရီ)

PSG ကအိမ်ကွင်းမှာ ပေါ့ပေါ့ပါးပါးပဲရင်ဆိုင်လာဖို့များ နေတယ်။ အသင်းကဖိအားမရှိသေးသလို ရာသီအစကာလမို့လည်း ကစားသမားသစ်တွေနဲ့ အသားကျအောင်ကြိုးစားရဦးမှာပါ။ မောင့်ပယ်လီယာကတော့ အတက်နိုင်ဆုံးခံစစ်ပိတ်ဆို့ပြီး ရာသီအဖွင့်မှာ အမှတ်ရဖို့ရုန်းကန်လာနိုင်ပေမယ့် ပါရီမြေမှာတော့ မျှော်လင့်ချက်နည်းလွန်းပါတယ်။ ဒီပွဲက PSG တိုက်စစ်ဂိုးတွေဘယ်လောက်ထိရအောင်ကစားမလဲဆိုတာက အဓိကအဖြေဖြစ်လာနိုင်ပြီး စီနီယာကစားသမားအချို့မပါဝင်နိုင်ပေမယ့် အိမ်ကွင်းမှာတော့ PSG မျက်နှာပျက်ခံမှာမဟုတ်ပါဘူး။ PSG အနိုင်သေချာတယ်။ ဂိုးလည်းများမယ်။