■ အတ္တလန်တာတိုက်စစ်ကစားသမား လွတ်ခ်မန်းအား ကီဝီယောနှင့် ပေါင် (၄၂.၅) သန်းအလိုက်ပေးပြီး အာဆင်နယ် ကမ်းလှမ်း     

■ အတ္တလန်တာတိုက်စစ်ကစားသမား လွတ်ခ်မန်းအား ကီဝီယောနှင့် ပေါင် (၄၂.၅) သန်းအလိုက်ပေးပြီး အာဆင်နယ် ကမ်းလှမ်း     
Photo: Getty Images
Photo: Getty Images
Published 23 August 2024

ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်သည့် အာ ဆင်နယ်အသင်းသည် အတ္တလန်တာ အသင်း၏ နိုင်ဂျီးရီးယား တောင်ပံ တိုက်စစ်ကစားသမား အလွတ်ခ်မန်းအား အသင်း၏ နောက်ခံလူ ကီဝီယောနှင့် ပေါင် (၄၂.၅)သန်း (ယူရို သန်း၅၀) အလိုက်ပေးပြီး ကမ်း လှမ်းခဲ့သည်ဟု မီဒီယာများကဖော်ပြခဲ့ကြသည်။ 

    

လွတ်ခ်မန်းသည် ယခင်က ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းတွင် ကစားခဲ့ဖူးသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၇ မှ ၂၀၁၉ ကြားတွင် အဲဗာတန်အသင်းအတွက် စုစုပေါင်း ပွဲအရေအတွက် (၃၆) ပွဲကစားပေးခဲ့သူဖြစ်သည်။ 

လွတ်ခ်မန်းသည် လိုက်ပ်ဇစ်အသင်းတွင် အငှားဖြင့် သွားရောက်ကစားခဲ့သလို ဖူလ်ဟမ်၊ လက်စတာစသည့်အသင်းများတွင်လည်း အငှားဖြင့် သွားရောက်ကစားခဲ့ဖူးပြီးနောက် အတ္တလန်တာအသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

    

သူသည် အတ္တလန်တာအသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားခဲ့ပြီး ပြီးခဲ့သည့်ရာသီက အသင်းကို ယူရိုပါလိဂ်ချန်ပီယံ ဖြစ်လာအောင်ကူညီနိုုင်ခဲ့သည်။