■  ယခုနွေရာသီတွင် နယူးကာဆယ်မှ ထွက်ခွာရန် ထရစ်ပီယာ ဆန္ဒရှိ     

■  ယခုနွေရာသီတွင် နယူးကာဆယ်မှ ထွက်ခွာရန် ထရစ်ပီယာ ဆန္ဒရှိ     
Published 23 August 2024

နယူးကာဆယ်အသင်းမှ အင်္ဂလန်နောက်ခံလူ ထရစ်ပီယာသည် ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

ထရစ်ပီယာ(၃၃ နှစ်)သည် လာမည့်ရာသီကုန်အထိ နယူးကာဆယ်အသင်းနှင့် စာချုပ်ချုပ်ဆိုထားသော်လည်း ပွဲကစားခွင့်အတွက် အာမခံချက်မရှိသဖြင့် အသင်းပြောင်းရွှေ့ရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ထရစ်ပီယာကို ခေါ်ယူရန် အဲဗာတန်အသင်းက စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်းဝန်း ကျင်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

ထရစ်ပီယာသည် ၂၀၂၂ ဇန်နဝါရီတွင် အက်သလက်တီကိုအသင်းမှ နယူးကာဆယ်အသင်းထံသို့ ပေါင် (၁၂) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

၎င်းသည် နယူးကာဆယ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ပုံမှန်ပွဲကစားခွင့်ရရန် မသေချာသည့်အတွက် အသင်းပြောင်းရွှေ့လိုနေခြင်းဖြစ်သည်။ 

ထရစ်ပီယာအား ခေါ်ယူရန် အဲဗာတန်အသင်းအပြင် ဆော်ဒီကလပ်များကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။