■ ဂွန်ဒိုဂန် မန်ချက်စတာမြို့သို့ရောက်ရှိနေပြီး ဂွါဒီယိုလာ၏စားသောက်ဆိုင်၌ မိနစ် (၅၀) ကြာ တွေ့ဆုံဆွေးနွေး     

■ ဂွန်ဒိုဂန် မန်ချက်စတာမြို့သို့ရောက်ရှိနေပြီး ဂွါဒီယိုလာ၏စားသောက်ဆိုင်၌ မိနစ် (၅၀) ကြာ တွေ့ဆုံဆွေးနွေး     
Photo: Daily Mail
Photo: Daily Mail
Published 23 August 2024

မန်စီးတီးအသင်းသို့ တစ်ကျော့ပြန် ပြောင်းရွှေ့ရန် နီးစပ်နေသည့် ၀ါရင့်ဂျာမနီကွင်းလယ်လူ ဂွန်ဒိုဂန်သည် မန်ချက်စတာမြို့သို့ ရောက်ရှိနေပြီး ဂွါဒီယိုလာ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်၌ မိနစ် (၅၀) ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    

ဂွန်ဒိုဂန် (၃၃ နှစ်)သည် မန်ချက်စတာမြို့သို့ ရောက်ရှိနေပြီး သြဂုတ် (၂၁) ရက်တွင်  ဂွါဒီယိုလာဖွင့်လှစ်ထားသည့် Tast Catala စားသောက်ဆိုင်၌ မိနစ် (၅၀) ကြာ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာန က ဖော်ပြသည်။ 

အဆိုပါတွေ့ဆုံမှု တွင် မန်စီးတီးအသင်းအမှုဆောင်ချုပ် ဖယ်ရန်ဆိုရီယာနိုလည်း ပါဝင်ပြီး ဂွန်ဒိုဂန်နှင့် ပရိသတ်များ ဓာတ်ပုံရိုက်ကူးရန် ကူညီပေးခဲ့ကြောင်း သိရသည်။ 

    

သို့ဖြစ်ရာ ၎င်းနှင့် မန်စီးတီးအသင်း၏ အပြောင်းအရွှေ့မှာ ရာနှုန်း ပြည့်နီးပါး သေချာနေပြီဖြစ်ကြောင်း Daily Mail  သတင်းဌာနက ဖော်ပြခဲ့သည်။ 

ဂွန်ဒိုဂန်သည် ပြီးခဲ့သည့်နှစ် ဇွန်လတွင် မန်စီးတီးနှင့် လမ်းခွဲ၍ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး (၂)နှစ်စာချုပ် ချုပ်ဆိုထားသူဖြစ် သည်။ 

ယခုရာသီတွင် ဘာစီိလိုနာအသင်းထံသို့ ဟန်ဆီဖလစ်ခ် ရောက်ရှိလာခဲ့ပြီးနောက်တွင် အသင်းက မလိုအပ်တော့ဘဲ ပြန်လည်ထွက်ခွင့်ပေး ရန် စီစဉ်နေခြင်းဖြစ်သည်။