နည်းပြသစ် ကွန်ပနီလက်ထက်တွင် ကွင်းလယ်ကစားသမားအဖြစ် ကင်မစ်ချ် ကစားမည်

နည်းပြသစ် ကွန်ပနီလက်ထက်တွင် ကွင်းလယ်ကစားသမားအဖြစ် ကင်မစ်ချ် ကစားမည်
Photo: Goal
Photo: Goal
Published 10 August 2024

 

ဘိုင်ယန်မြူးနစ်ဝါရင့်ကစားသမား ကင်မစ်ချ်က ၎င်းအနေဖြင့် နည်းပြသစ် ကွန်ပနီလက်ထက်တွင် ဗဟိုကွင်းလယ်ကစားသမားအဖြစ် ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် ၂၉ နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင် ကင်မစ်ချ်သည် ညာနောက်ခံကစားသမားအဖြစ်သာမက ကွင်းလယ်ကစားသမားအဖြစ်ပါ ကစားနိုင်သူဖြစ်သည်။  

၎င်းသည် ပြီးခဲ့သည့်ရာသီများက ညာနောက်ခံနေရာနှင့် ကွင်းလယ်နေရာများတွင် ကစားခဲ့သော်လည်း နည်းပြ ကွန်ပနီလက်ထက်တွင် ကွင်းလယ်ကစားသမားအဖြစ် ကစားမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကင်မစ်ချ်က "အခုအချိန်ထိတော့ ဗဟိုကွင်းလယ်နေရာအတွက် ကျွန်တော် လေ့ကျင့်နေသလို ကစားလည်း ကစားနေပါတယ်။ ရာသီသစ်မှာ အဲဒီအတိုင်းကစားဖို့ စီစဉ်ထားတာပါ"ဟု ပြောကြားခဲ့သည်။ 

ကင်မစ်ချ်သည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်လည်း စီစဉ်နေကြောင်းလည်း သိရှိရသည်။