ဘရူနိုမာ့စ်၏ ဂျကာတာဖျော်ဖြေပွဲကို သပိတ်မှောက်ရန် တောင်းဆိုမှုများထွက်ပေါ်လာစဉ် စိတ်အေးအေးထားကြရန် ခရီးသွားလာရေးဝန်ကြီး တိုက်တွန်း

ဘရူနိုမာ့စ်၏ ဂျကာတာဖျော်ဖြေပွဲကို သပိတ်မှောက်ရန် တောင်းဆိုမှုများထွက်ပေါ်လာစဉ် စိတ်အေးအေးထားကြရန် ခရီးသွားလာရေးဝန်ကြီး တိုက်တွန်း
Published 8 July 2024

အမေရိကန် တေးရေး-တေးဆို ဘရူနိုမာ့စ်က ဂါဇာတွင်ဖြစ်ပွားနေသည့် စစ်ပွဲတွင် အစ္စရေးကိုအားပေး ထောက်ခံသည်ဟု စွပ်စွဲခံနေရသည့်အပေါ် ဂျကာတာတွင် ပြုလုပ်မည့် ၎င်း၏ဖျော်ဖြေပွဲအား သပိတ်မှောက်ရန် တိုက်တွန်းမှုများထွက် ပေါ်လာသောကြောင့် ခရီးသွားလာရေးနှင့် ဖန်တီးမှုစီးပွားရေးဝန်ကြီး ဆန်ဒီယာဂါအူနိုက စိတ်အေးအေးထားကြရန် အများပြည်သူကို တိုက်တွန်းပြောကြားခဲ့သည်။

ပါလက်စတိုင်းတို့နေထိုင်ရာ ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားသောင်းချီ သေဆုံးနေသည့် ပဋိပက္ခ တစ်ခုဖြစ်သော ဟားမာ့စ်တို့ကို အစ္စရေး၏ တိုက်ခိုက်မှုများအား ထောက်ခံအားပေးကြောင်း သက်သေ အထောက်အထားများ လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးနောက် မာ့စ်ကို ဝေဖန် ရှုတ်ချခဲ့ကြသည်။

ဆန်ဒီရာဂါက လွတ်လပ်သော ပါလက်စတိုင်းအတွက် အင်ဒိုနီးရှား၏ မယိမ်းယိုင်သော ထောက်ခံမှုကို ထပ်လောင်းပြောကြားခဲ့သော်လည်း မာ့စ်၏ ဖျော်ဖြေပွဲသည် ကမ္ဘာ့စင်မြင့်ပေါ်တွင် နိုင်ငံ၏ရပ်တည်ချက်ကို ထိန်းသိမ်းမှုမှ သီးခြားပြဿနာတစ်ရပ်အဖြစ် ရှုမြင်သင့်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေး သို့မဟုတ် နိုင်ငံရေးအမြင်ဟာ ကျွန်တော်တို့ရဲ့ ဖန်တီးမှုစီးပွားရေးအပေါ် သက်ရောက်ခွင့်မပြုနိုင်ပါဘူး”ဟု ဆန်ဒီရာဂါက ဆိုသည်။

“ကျွန်တော်တို့က ဒီမိုကရေစီ နိုင်ငံဖြစ်ပါတယ်”ဟု ၎င်းကဆက် လက်ပြောကြားခဲ့ပြီး အင်ဒိုနီးရှား၏ လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒအနေအထားကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီးသည် ဟုပြောကြားခဲ့သည်။

“အရင်တုန်းက Coldplay လိုမျိုးပါပဲ။ ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့ ရှင်းလင်းချက်တွေအားလုံးကို ပေးထား ပါတယ်”ဟု ၎င်းက ဂျကာတာတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ၌ ပြုလုပ်ခဲ့သည် ့ဗြိတိန်အဆိုတော်အဖွဲ့ ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံက ဥပဒေရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ပါလက်စတိုင်းတွေကို အားပေးထောက်ခံတဲ့ နိုင်ငံဖြစ်ပြီး ပါလက်စတိုင်းလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေပါတယ်။ ဒီရပ်တည်ချက်အတွက်လည်း နိုင်ငံအများစုရဲ့ ကျေးဇူးတင် ချီးကျူးမှုတွေ ရရှိထားပါတယ်”ဟု ၎င်းက ဆိုသည်။

“Just The Way You Are ”အဆိုတော် ဘရူနိုမာ့စ်သည်မြောက်  ဂျကာတာရှိ ဂျကာတာနိုင်ငံတကာ ကဇာတ်ရုံ (JIS) တွင် စက်တင်ဘာ ၁၁ ၊ ၁၃ နှင့် ၁၄ ရက်တို့တွင် ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားသည်။

Most Read

Most Recent