အတ္တလန်တာအသင်း၏နည်းပြ ဂက်စ်ပါရီနီက ဥရောပစူပါဖလားပြိုင်ပွဲတွင် ရီးယဲလ်နှင့် ဆုံတွေ့လိုသည်ဟု ပြောကြားခဲ့သည်။
အတ္တလန်တာအသင်းသည် ယူရိုပါလိဂ်ချန်ပီယံဆု ရရှိခဲ့သောကြောင့် ဥရောပစူပါဖလား ယှဉ်ပြိုင်ခွင့်ရရှိထား ပြီး ချန်ပီယံလိဂ်ဖလားရရှိသည့်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရီးယဲလ်နှင့် ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ဂက်စ်ပါရီနီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။