ဘီလ်ဘာအိုအသင်းမှ ဂါနာတိုက်စစ်မှူး အီညာကီဝီလျံစ်သည် ၂၀၂၃-၂၄ ရာသီ လာလီဂါပြိုင်ပွဲ၏ အကောင်းဆုံးအာဖရိကကစားသမားဆု ရရှိခဲ့ကြောင်း သိရသည်။
အီညာကီဝီလျံစ်(၂၉ နှစ်)သည် ယခုရာသီတွင် ဘီလ်ဘာအိုအသင်းအတွက် လာလီဂါ၌ (၁၂)ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ရီးယဲလ်မှ မော်ရိုကိုကစားသမား ဘရာဟင်ဒီယက်ဇ်၊ ဆီဗီလာအသင်းမှ မော်ရိုကိုကစားသမား အန်နက်ဆရီတို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးအာဖရိကကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီညာကီဝီလျံစ်က ဘီလ်ဘာအိုအသင်းကို ချစ်သလို၊ ဂါနာနိုင်ငံကိုလည်း ချစ်သောကြောင့် လာမည့်ရာသီ၌ ယခုဆုကို ထပ်မံရယူနိုင်အောင် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။















