ယာဂန်ကလော့ပ် ခေတ်လွန်

ယာဂန်ကလော့ပ် ခေတ်လွန်
Photo : Getty Images
Photo : Getty Images
Published 20 May 2024
AK

လီဗာပူးလ်ရဲ့နည်းပြသစ်ရှာပုံတော်ခရီးကအဆုံးသတ်ခဲ့ပါပြီ။ နယ်သာလန်ဘောလုံးလောကရဲ့ ထင်ရှားကျော်ကြားပုဂ္ဂိုလ် အာနီဆလော့ကို လီဗာပူးလ်က နည်းပြသစ်အဖြစ် ရွေးချယ်လိုက်တာပါပဲ။ ကလော့ပ်နဲ့ နာမည်ချင်းဆင်တူတဲ့ ဆလော့က ဘာတွေများထူးခြားကောင်းမွန်နေလဲ။ ယာဂန်ကလော့ပ်ချန်ရစ်ထားမယ့် လီဗာပူးလ် အနာဂတ်ကို ဘယ်လောက် ဆွဲတင်ထမ်းပိုးနိုင်မလဲ။ သံသယမျက်ဝန်းတွေ ရွှဲရွှဲစိုနေပါတယ်။ လီဗာပူးလ်ကတော့ ကလော့ပ်ကို အလိုမတူဘဲ လမ်းခွဲ ခဲ့ရလို့ ကလော့ပ်မရှိလည်း ဆလော့ရှိရင်ဖြစ်တယ် ဆိုပြီးသဘောထားခဲ့ပုံပဲ။ နယ်သာလန်လိဂ်မှာ ထင် ရှားကျော်ကြားနေပေမယ့် ဥရောပထိပ်တန်း အလွှာ ထဲ တစ်ခါမှတိုးမဝင်ဖူးတဲ့ ဆလော့ကို ယုံကြည် စိတ်ရဲခဲ့ပါတယ်။ ဆလော့အတွက် ဖီယင်နုအသင်းကို လျော်ကြေး ပေါင်ဆယ်သန်းနီးပါးပေးပြီး သိမ်းပိုက်လိုက်ပါတယ်။

 

Most Read

Most Recent