ဒေါ့မွန် - ဒမ်းစတက်ဒ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် ည ၈:၀၀ နာရီ)
ဒမ်းစတက်ဒ်အသင်း တန်းဆင်းရဖို့ သေချာပြီးနောက်မှာ ဂိုးအလှူပေးနေတာ တွေ့ရတယ်။ ဒေါ့မွန်က ဘောလုံးရာသီ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်လို့ ဖိဖိစီးစီးကစားလိမ့်မယ်ထင်တယ်။ ဒေါ့မွန်ဘက်ကပဲ ရပ်တည်သင့်တယ်။
အူန်ယွန်းဘာလင် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် ည ၈:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်း အနိုင်ရရင်တောင် Play-off ကနေ လွတ်မယ်မထင်ဘူး။ ဖရိုင်းဘတ်ကလည်း တစ်မှတ်ပဲလိုလို့ သရေကျဖို့များတယ်။
လေဗာကူဆင် - အော့စ်ဘတ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် ည ၈:၀၀ နာရီ)
လေဗာကူဆင်အသင်းက ဒီပွဲပြီးရင် အိမ်ကွင်းမှာ ချန်ပီယံဆုဖလားနဲ့ အောင်ပွဲခံလိမ့်မယ်။ ဒါကြောင့် အခုပွဲက ပရိသတ်ကျေနပ်အောင် ကစားပြရမယ့်ပွဲ ဆိုပေမဲ့ ဒီထက်အရေးကြီးတာက ကြားရက်မှာ ဖလားသုံးလုံးအိပ်မက်အတွက် အတ္တလန်တာနဲ့ ရင်ဆိုင်ရဖို့ရှိလို့ လေဗာကူဆင်အသင်း လူစုံထုတ်ကစားဖို့တောင် မဖြစ်နိုင်လောက်ဘူး။ အော့စ်ဘတ်ကိုပဲ အရဲစွန့် ရွေးချယ်ချင်တယ်။
ဖရန့်ဖတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် ည ၈:၀၀ နာရီ)
ဖရန့်ဖတ်အသင်းက ယူရိုပါလိဂ်ဝင်ခွင့်အတွက် ပူပန်စရာသိပ်မရှိတော့ဘူး။ လိုက်ပ်ဇစ်ကလည်း အဆင့်(၄)နေရာအတွက် အာမခံချက် ရပြီးသားအသင်းဖြစ်နေတယ်။ သရေကျဖို့ များလို့ အိမ်ရှင်ကို ကြိုက်တယ်။
ဝုလ်ဖ်ဘတ် - မိန့်ဇ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် ည ၈:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်းက အမှတ်မလိုအပ်တော့ဘူး။ မိန့်ဇ် ကလည်း သရေကျရင်ကို တန်းဆင်းအန္တရာယ်က လွတ်ဖို့များနေပြီ။ အိမ်ရှင် မရှုံးလောက်ဘူး။
ဟော်ဖန်ဟင်မ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် ည ၈:၀၀ နာရီ)
ဟော်ဖန်ဟင်မ်အသင်းက အခုပွဲ အနိုင်ရထားမှ ယူရိုပါလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းနိုင်မယ်။ ပုံမှန်ဆိုရင်တော့ ဒီရာသီ ခြေစွမ်းအတက်အကျမမှန်တဲ့ ဟော်ဖန်ဟင်မ်ရဲ့ ပုံစံအရ ဘိုင်ယန်လိုအသင်းနဲ့ တွေ့ဆုံမှုမှာ သိပ်မျှော်လင့်လို့ မရဘူး။ ဒါပေမဲ့ ဘိုင်ယန်အသင်းအဖို့က ဂုဏ်သိက္ခာ၊ အဆင့် (၂)နေရာ ရပ်တည်မှုပဲ ရှိတော့တာက ဟော်ဖန်ဟင်မ်ကို ဆွဲခေါ်မလား စိတ်ဝင်စားစရာပါပဲ။ ဘိုင်ယန်အသင်းမှာ တိုက်စစ်မှူး ဟာရီကိန်း ကျောဒဏ်ရာရနေလို့ အခုပွဲမှာလည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူး။ ဟော်ဖန်ဟင်မ်နဲ့ စွန့်စားတာ ပိုကောင်းမယ်။
၀ါဒါဘရီမင် - ဘိုဟုမ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် ည ၈:၀၀ နာရီ)
၀ါဒါဘရီမင်အသင်း ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိသေးပေမဲ့ မဖြစ်နိုင်လောက်တော့ဘူး။ ဘိုဟုမ်အသင်း သရေမျှော်လင့်လို့ရပါတယ်။
စတုဂတ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် မေလ ၁၈ ရက် ည ၈:၀၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့် သေချာနေပေမဲ့ စတုဂတ်ရဲ့အားထုတ်မှုက ချီးကျူးလောက်စရာကောင်းတယ်။ စတုဂတ် ဂိုးပြတ်နိုင်ဖို့ များတယ်။
ဟိုင်ဟိုင်း - ကိုလုံး (မြန်မာစံတော်ချိန် မေလ ၁၈ ရက် ည ၈:၀၀ နာရီ)
ကိုလုံးအသင်းအဖို့က နောက်ဆုံးထွက်သက်ကို ရောက်နေပြီး သေရေးရှင်ရေး ဖြစ်နေတယ်။ ကိုလုံး အနိုင်နဲ့ သရေကစားမယ်။















