နစကဥက္ကဋ္ဌထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီး တိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နစကဥက္ကဋ္ဌထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီး တိုက်ရိုက် လေကြောင်းလိုင်း ပျံသန်းရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Published 11 May 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သ ဘောတူညီပြီးဖြစ်သော သံအမတ်ကြီး  H.E. Mr. Abhay Thakur  က မေ ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန် ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ် ခန့်အပ် လွှာကိုပေးအပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။

ထို့နောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့် အ ညီ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက် မှုနှင့် ဆက်ဆံမှုများ ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စ ရပ်များအား ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တိုက်ရိုက်လေကြောင်းပျံသန်းရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာတော် သင်များ စေလွှတ်လျက်ရှိမှု အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူး ပေါင်းဆောင်ရွက်လျက် ရှိမှုအခြေအနေများ ကို နစကဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိ ယသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင် ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို နစကဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယ သံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သ တင်းထုတ်ပြန်သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီးတို့ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ် ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စ တန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အင်မရန် ဟိုက်ဒါသည် မေ ၈ ရက် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ထံ ၎င်းင်း၏သံအမတ်ခန့်အပ်လွှာ ကို ပေးအပ်ခဲ့သည်။

ထို့နောက် နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွား ကဏ္ဍများအပါအဝင် အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အထည်အလိပ်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် ပူး ပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင် ရွက်နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအ ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြောင်းလည်း သိရ သည်။

Most Read

Most Recent