မော်ရင်ဟိုရဲ့နေရာကို ဒီရော့ဆီ အစားထိုးဝင်လာတော့ ရိုးမားအသင်းက စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် (၉) နေရာကို ရောက်နေတာပါ။ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်က ပါးပါးလေးပဲ ကျန်တော့တာပေါ့။ မော်ရင်ဟို ထွက်ခွာသွားပြီးလပိုင်းအတွင်းမှာပဲ ဒီရော့ဆီက ရိုးမားအသင်းရဲ့အခြေအနေကို ပြောင်းပြန်လှန်လိုက်တယ်။ ဝေဖန်သူတွေ ဆွံအသွားတယ်။ ချီးကျူးမှုတွေ တောင်ပုံယာပုံ ရောက်ချလာတယ်။ သူက နာမည်ကျော် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်နဲ့ တူတယ်တဲ့။ Gazzetta dello Sport ရဲ့ပင်တိုင်ဆောင်းပါးရှင် ဒက်တိုက "ဒီရော့ဆီက ကျွန်တော့်အတွက် ကလော့ပ် ဖြစ်လာတယ်။ ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ပါဘူး။ အရမ်းကို အဓိပ္ပာယ်ရှိပါတယ်"လို့ ဆိုတယ်။
ဒီရော့ဆီ ဦးဆောင်တဲ့ ရိုးမားအရွှေ့
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။