ပြီးခဲ့သည့် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရီးယဲလ်အသင်းက ချန်ပီယံဆု ရရှိခဲ့ခြင်းကြောင့် စပိန်ဘောလုံးလောကအတွက် စံချိန်ကောင်း တစ်ခု ရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါစံချိန်မှာ စပိန်ကလပ်အသင်းများ အနေဖြင့် ၎င်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ပြိုင်ပွဲ အားလုံးတွင် (၃)နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
စပိန်ကလပ်အသင်းများသည် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများကို နှစ်စဉ် ယှဉ်ပြိုင်ခွင့်ရရှိသည့်အပြင် ယင်းပြိုင်ပွဲများတွင် ချန်ပီယံဖြစ်ခဲ့ပါက ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲများကိုလည်း ဆက်လက် ယှဉ်ပြိုင်ခွင့်ရရှိသည်။
စပိန်ကလပ်များသည် နောက်ဆုံး (၃)နှစ်စလုံးတွင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများ၌ ချန်ပီယံဆုများ ရယူနိုင်ခဲ့သည့်အတွက် ဥရောပစူပါဖလားကို စပိန်ကလပ်အချင်းချင်းသာ လုခဲ့ရသလို၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဥရောပကိုယ်စားပြုအသင်းအဖြစ် စပိန်က လပ်အသင်းများပင် (၃)နှစ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
ထို့ပြင် အဆိုပါ (၃)နှစ်စလုံးတွင်လည်း စပိန်ကလပ်များက ကလပ် ကမ္ဘာ့ဖလားချန်ပီယံဆုကို အရယူနိုင်ခဲ့သည့် အတွက် ပြိုင်ပွဲအားလုံးတွင် (၃)နှစ်ဆက် ဗိုလ်စွဲသည့်စံချိန် ရရှိခဲ့ခြင်းလည်းဖြစ်သည်။
စပိန်ကလပ်အသင်းများ ထိပ်တန်းပြိုင်ပွဲ အားလုံးတွင် (၃)နှစ်ဆက် ဗိုလ်စွဲနိုင်သည့် စံချိန်မှတ်တမ်းရရှိ