■ ခရစ္စတယ်ပဲလေ့စ် နှင့် ချယ်လ်ဆီး (စနေည ရး၀၀ နာရီ)
ပဲလေ့စ်ရဲ့ တိုက်စစ်ကစားပုံကို ချယ်လ်ဆီး သတိပြုရမယ်။ ရလဒ်တွေ ဆိုးနေတဲ့ အသင်းဆိုပြီး လျှော့တွက်လို့ မရဘူး။ ပဲလေ့စ်ရဲ့ ဂိုးသွင်းနှုန်းက မြင့်တယ်။ ဒါပေမဲ့ သူတို့ခံစစ်ကိုလည်း ချယ်လ်ဆီးတိုက်စစ်က အလွယ်တကူ ချိုးဖြတ်နိုင်တယ်။ အရှိန်ရပြီး အကောင်းဆုံး ပုံစံပြနေတဲ့ ချယ်လ်ဆီးပဲ ကြိုက်တယ်။
■ မစ်ဒယ်ဘရော့ နှင့် ဆွမ်ဆီး (စနေည ၉း၃၀ နာရီ)
ဆွမ်ဆီး ရလဒ်ပိုင်းက ပြန်တက်လာတယ်လို့ ပြောနိုင်ပေမယ့် ခြေစွမ်းက မစ်ဒယ်ဘရော့လောက် မငြိမ်ပါဘူး။ မစ်ဒယ်ဘရော့က ပိုစိတ်ချရပြီး ကစားပုံ ပိုကောင်းတယ်။ ကစားရမှာကလည်း မစ်ဒယ်ဘရော့ အိမ်ကွင်းဖြစ်နေတယ်။ ဒါကြောင့် မစ်ဒယ်ဘရော့ကိုပဲ ကြိုက်တယ်။
■ စတုတ်စီးတီး နှင့် လက်စတာ (စနေည ၉း၃၀ နာရီ)
စတုတ်စီးတီးနဲ့ လက်စတာက ခြေစွမ်းမျှပါတယ်။ တိုက်စစ်လည်း ကောင်းကြတယ်။ လက်စတာက ဘုန်းမောက်နဲ့ ပွဲမှာတော့ ဂိုးပေါက်ပျောက်ခဲ့တယ်။ ဒါပေမဲ့ နှစ်ပွဲဆက် မပျောက်ပါဘူး။ စတုတ်က လက်စတာလောက် အားမကောင်းပေမယ့် ခံစစ်က ပိုကောင်းတယ်။ စတုတ်စီးတီးပဲ ကြိုက်တယ်။
■ ဆန်းဒါးလန်း နှင့် ဝက်ဖို့ဒ် (စနေည ၉း၃၀ နာရီ)
ဆန်းဒါးလန်းက ခြေစွမ်းပိုင်း နည်းနည်းလေး တက်လာတယ်။ ချယ်လ်ဆီးနဲ့ ပွဲမှာ ရလဒ်ကောင်းရင် ဒီပွဲမှာ ပိုကောင်းမယ်။ ရှုံးခဲ့ရင်လည်း စိတ်ဓာတ်ပျက်သွားစရာ မရှိဘူး။ ဝက်ဖို့ဒ်က ဆန်းဒါးလန်းထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ အဝေးကွင်းတော့ အားနည်းတယ်။ ဆန်းဒါးလန်း နိုင်ဖို့များတယ်။
■ ဝက်စ်ဟမ်း နှင့် ဟားလ်စီးတီး (စနေည ၉း၃၀ နာရီ)
ဝက်စ်ဟမ်းက လူပြန်စုံလာပြီ။ ရလဒ်တွေ သိပ်မကောင်းသေးဘူး။ ခံစစ်ပိုင်းက အရမ်းအားနည်းနေတယ်။ ခံစစ်ပိုင်းကို မပြင်နိုင်ရင် ရလဒ်ကောင်းဦးမှာ မဟုတ်ဘူး။ ဟားလ်စီးတီးလို အသင်းမျိုးကိုတော့ ဂိုးမပေးရအောင် ကစားနိုင်သင့်တယ်။ တိုက်စစ်ကတော့ ဂိုးရမှာပဲ။ အနိုင်နဲ့ သရေပါ။
■ ဝက်စ်ဘရွန်း နှင့် မန်ယူ (စနေည ၁၂း၀၀ နာရီ)
ဝက်စ်ဘရွန်း ပုံစံကောင်းပြနေတဲ့ အချိန်မှာ ကစားရတာဖြစ်လို့ မန်ယူခက်ခဲဦးမယ်။ မစ်ခီတာရီယန် မပါနိုင်ရင် တိုက်စစ်ပိုင်း ပိုအားနည်းမယ်။ ဝက်စ်ဘရွန်းက ခံစစ်မာတယ်။ တိုက်စစ်မှာ ရွန်ဒွန်ရဲ့တိုးအား၊ ရုန်းအားက ကောင်းတယ်။ မန်ယူ သရေကျသွားနိုင်တယ်။ နိုင်ရင်လည်း ဂိုးမပြတ်လောက်ဘူး။