Goal.Com မှ ရွေးချယ်မည့် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲ၏ နေရာအလိုက် အကောင်းဆုံးဆုများ၏ ပဏာမစာရင်းတွင် မြန်မာ့လက်ရွေးစင် နောက်ခံလူဇော်မင်းထွန်းနှင့် တိုက်စစ်မှူးအောင်သူ ပါဝင်

Goal.Com မှ ရွေးချယ်မည့် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲ၏ နေရာအလိုက် အကောင်းဆုံးဆုများ၏ ပဏာမစာရင်းတွင် မြန်မာ့လက်ရွေးစင် နောက်ခံလူဇော်မင်းထွန်းနှင့် တိုက်စစ်မှူးအောင်သူ ပါဝင်
Published 16 December 2016

နာမည်ကြီး အားကစားသတင်းဝက်ဘ်ဆိုက် Goal.Com မှ ရွေးချယ်မည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ နေရာအလိုက် အကောင်းဆုံးဆုများအတွက် ပဏာမစာရင်းတွင် မြန်မာ့လက်ရွေးစင်အသင်းမှ ကစားသမားနှစ်ဦး ပါဝင်နေကြောင်းသိရသည်။
Goal.Com သည် အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆု၊ အကောင်းဆုံး ဘောလုံးသမားဆုနှင့် အကောင်းဆုံး လူငယ်ဆုတို့အတွက် ပဏာမစာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းက အကောင်းဆုံးနောက်တန်းဆု၊ တိုက်စစ်မှူးအောင်သူက အကောင်းဆုံး လူငယ်ကစားသမားဆုတို့တွင် ပဏာမစာရင်း ပါဝင်နေခြင်းဖြစ်သည်။ Goal.Com မှ ထုတ်ပြန်ခဲ့သည့် ပဏာမစာရင်းတွင် ဂိုးသမားဆုအတွက် ဆန်နီ(စင်ကာပူ)၊ မီဂါ(အင်ဒိုနီးရှား)၊ သာဆတ်ချာနန်(ထိုင်း)၊ နောက်တန်းဆုအတွက် ဇော်မင်းထွန်း(မြန်မာ)၊ ဘန်းနက်(စင်ကာပူ)၊ အာရန်တိုနှင့် အက်ဗ်ဒူ(အင်ဒိုနီးရှား)၊ သီယာသွန်(ထိုင်း)၊ အလယ်တန်းဆုအတွက် ဆာရာဝပ်နှင့် ယိုရန်(ထိုင်း)၊ ရစ္စကီပိုရာ၊ စတီဖာနိုနှင့် ဗာမန်ဆာရှ်(အင်ဒိုနီးရှား)၊ ရှေ့တန်းဆုအတွက် တီယာဆေးလ်ဒန်ဒါ(ထိုင်း)၊ ဆိုလော့ဆာ(အင်ဒိုနီးရှား)၊ လီကောင်ဗင်(ဗီယက်နမ်)၊ အကောင်းဆုံး လူငယ်ဆုအတွက် အောင်သူ(မြန်မာ)၊ ဗာသာနာကာနှင့် ပိုရော့သ်(ကမ္ဘောဒီးယား)၊ ဗူဗန်ထရန်(ဗီယက်နမ်)၊ အကောင်းဆုံး ဘောလုံးသမားဆုအတွက် တီယာဆေးလ်ဒန်ဒါနှင့် သာဆတ်ချာနန်(ထိုင်း)၊ အောင်သူနှင့် ဇော်မင်းထွန်း(မြန်မာ)၊ ဆိုလော့ဆာနှင့် စတီဖာနို(အင်ဒိုနီးရှား)၊ လီကောင်ဗင်နှင့် လောင်ဇမ်ထရောင်(ဗီယက်နမ်)၊ ဆန်နီ(စင်ကာပူ)၊ ဂါဇာလီ(မလေးရှား)၊ စတီဗင်(ဖိလစ်ပိုင်) တို့ ပါဝင်လျက်ရှိသည်။
Goal.Com သည် ပရိသတ်များ၏ ဆန္ဒမဲများ ကောက်ခံ၍ နေရာလိုက် အကောင်းဆုံးဆုများ ရွေးချယ် သွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူမှာ လူငယ် အကောင်းဆုံးဆုအတွက် ရေပန်းစားလျက်ရှိသည်။

Most Read

Most Recent