■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်
Published 13 December 2016

ဘုန်းမောက် နှင့် လက်စတာ (ဒီဇင်ဘာ ၁၄ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
ဘုန်းမောက်က နိုင်လိုက်ရှုံးလိုက် ဖြစ်နေတယ်။ ရလဒ်တွေက မငြိမ်ဘူး။ အိမ်ကွင်းမှာ နိုင်တယ်၊ ရှုံးတယ်။ အဝေးကွင်းမှာ နိုင်တယ်၊ ရှုံးတယ်။ သရေပွဲနည်းပြီး အနိုင်၊ အရှုံးပေါ်တာများတယ်။ သရေမကြိုက်ဘူး။ ဖွင့်ကစားတတ်တယ်။ လက်စတာက စိတ်ဓာတ်တက်နေတယ်လို့ ပြောရမယ်။ ဒါပေမဲ့ ဒီပွဲကို စောင့်ကြည့်ရဦးမယ်။ ဂိုးများနိုင်တယ်။ လက်စတာကို ကြိုက်တယ်။
အဲဗာတန် နှင့် အာဆင်နယ် (ဒီဇင်ဘာ ၁၄ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
အဲဗာတန်ရဲ့ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်တွေက အားရစရာ မရှိတော့ဘူး။ အရင်ရာသီတွေနဲ့ မတူဘူး။ ရော်နယ်လ်ကိုးမင်း လက်ထက်မှာ အသင်းက ပိုဆိုးလာတယ်။ ခံစစ်မှာ အားနည်းချက်တွေ များတယ်။ ကွင်းလယ်မှာ ဘာကလေ အရင်ခြေ မရှိဘူး။ ကလယ်ဗာလေ၊ ဂေးယီတို့ ညံ့တယ်။ တိုက်စစ်မှာ ဒယ်လိုဖူ မဆိုးပေမယ့် ကစားခွင့်မရဘူး။ မီရာလက်စ် အလုပ်မဖြစ်ဘူး။ လူကာကူမှ ဂိုးမသွင်းရင် သွင်းမယ့်သူမရှိဘူး။ အာဆင်နယ်က နောက်ဆုံး ပရီးမီးယားလိဂ် (၃) ပွဲမှာ (၁၂) ဂိုးသွင်းထားတဲ့ အသင်း၊ ခံစစ် တည်ငြိမ်တယ်။ ကွင်းလယ်နည်းနည်း အားပျော့ပေမယ့် တိုက်စစ်နဲ့ ခံစစ်က ညှပ်ပြီးထိန်းထားတယ်။ အာဆင်နယ်နိုင်မယ်။

Most Read

Most Recent