■ PSG နှင့် လူဒိုဂိုရတ်စ် (ဒီဇင်ဘာ ၇ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
PSG ရဲ့ ရှုံးပွဲမရှိ ပြေးလမ်းကလည်း မောင့်ပယ်လီယာကို ဂိုးပြတ်ရှုံးပြီး ရပ်တန့်သွားတယ်။ နောက်ဆုံး (၁၂) ပွဲဆက် ရှုံးပွဲ မရှိခဲ့တာ၊ ဒီ (၁၂) ပွဲမှာ (၁၀) ပွဲနိုင်ခဲ့တာတွေက စိတ်ပျက်စရာ ကစားပုံနဲ့ အဆုံးသတ်သွားတယ်။ ဒါပေမဲ့ ဒီပွဲအတွက် စိတ်ခံစားချက်က တစ်မျိုးပါ။ အုပ်စုဗိုလ် မျှော်လင့်ချက်၊ ရှုံးပွဲအပြီး ပေါက်ကွဲမှုတွေနဲ့ (၃-ဝ၊ ၄-ဝ) လောက် ဖြစ်သွားနိုင်တယ်။
■ ဘေဆယ် နှင့် အာဆင်နယ် (ဒီဇင်ဘာ ၇ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
အာဆင်နယ် ခံစစ်က ရာသီအစမှာ အရမ်းကောင်းခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာတော့ ဂိုးတွေပေးနေရတယ်။ ဆွစ်ဇာလန်မြေမှာလည်း ဂိုးပေးရနိုင်တယ်။ ဘေဆယ်က ဒီရာသီ သူတို့အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တိုင်းမှာ ဂိုးသွင်းထားနိုင်တယ်။ အာဆင်နယ်ကလည်း ဒီရာသီမှာ အဝေးကွင်း သွင်းဂိုး (၁၆) ဂိုး ရှိတယ်။ ဒါကြောင့် အာဆင်နယ်နိုင်မယ်။ (၁-၂) ကြိုက်တယ်။
■ ဒိုင်နမိုကိဗ် နှင့် ဘက်ဆစ်တက် (ဒီဇင်ဘာ ၇ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
ဒိုင်နမိုကိဗ်က ဒီပွဲပြီးရင် ပြည်တွင်းလိဂ် အရေးကြီးပွဲစဉ်အဖြစ် အစဉ်အလာပြိုင်ဘက် ရှက်တာဒိုးနက်နဲ့ ကစားရမယ်။ ချန်ပီယံလိဂ်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့အချိန်မှာ ရှက်တာဒိုးနက်နဲ့ ပွဲကိုပဲ ပြင်ဆင်နေမှာပါ။ ဘက်ဆစ်တက်ကလည်း ဒီပွဲနိုင်ရင် ရှုံးထွက်တက်ဖို့ သေချာသွားပြီ။ ဘက်ဆစ်တက် နိုင်မယ်။
■ မန်စီးတီး နှင့် ဆဲလ်တစ် (ဒီဇင်ဘာ ၇ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
ချယ်လ်ဆီးကို ရှုံးခဲ့တဲ့အရှုံး၊ ပထမအကျော့တုန်းက ဆဲလ်တစ်အိမ်ကွင်းမှာ သရေကျခဲ့တာ၊ (၃) ဂိုးပေးခဲ့ရတာ၊ အဂွဲရိုးက ပရီးမီးယားလိဂ်မှာ ပွဲပယ်ခံရတော့မယ့် အခြေအနေတွေကို ပေါင်းစပ်လိုက်ရင် မန်စီးတီးက ဂိုးပြတ်သွင်းမယ့် စိတ်ပဲရှိလိမ့်မယ်။ ဆဲလ်တစ် ဘယ်လိုမှ တောင့်မခံနိုင်လောက်ဘူး။ မန်စီးတီး ဂိုးပြတ်သွင်းမယ်။
■ ဘင်ဖီကာ နှင့် နာပိုလီ (ဒီဇင်ဘာ ၇ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
ဘင်ဖီကာရဲ့ ရှုံးပွဲမရှိမှတ်တမ်းက ပြီးခဲ့တဲ့ သောကြာနေ့က မာရီတီမိုနဲ့ပွဲမှာ ကျိုးပျက်သွားခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာကို အနည်းနဲ့အများ ရိုက်ခတ်မယ့်ပွဲမှာ ချန်ပီယံလိဂ် အရေးကြီးပွဲစဉ်ကို ဆက်ကစားရမယ်။ နာပိုလီကလည်း သရေပွဲတွေ များနေပြီး အင်တာကိုတော့ ဂိုးပြတ်သွင်းခဲ့တယ်။ နာပိုလီပဲ ကြိုက်တယ်။
■ PSV နှင့် ရော့စတော့ဗ် (ဒီဇင်ဘာ ၇ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
PSV က ဒီပွဲကို မဖြစ်မနေ အနိုင်ကစားရမယ်။ ဒီပွဲနိုင်မှလည်း ယူရိုပါလိဂ်ဝင်ခွင့်မှာပါ။ ရော့စတော့ဗ်ကွင်းမှာတုန်းက (၂-၂) ဂိုးစီ သရေကျခဲ့တဲ့ ခြေစွမ်းအရဆိုရင် ခြေပိုကောင်းတယ်။ အတွေ့အကြုံနဲ့ အစဉ်အလာပိုင်း အားသာမှုလည်း ရှိတယ်။ PSV ကိုပဲ ကြိုက်တယ်။
■ ဘာစီလိုနာ နှင့် မိုချန်ဂလာဘတ် (ဒီဇင်ဘာ ၇ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
အုပ်စုဗိုလ်နေရာ သေချာပြီးသား ဘာစီလိုနာအတွက် သိပ်ပြီး ရင်ခုန်စရာ မရှိတဲ့ပွဲပါ။ မိုချန်ကလည်း ယူရိုပါလိဂ်ဝင်ခွင့်က သေချာနေပါပြီ။ ဘာစီလိုနာက လူစုံထုတ် ကစားဦးမှာ ဖြစ်သလို၊ မိုချန်ကလည်း အဝေးကွင်းနောက်ဆုံး (၈) ပွဲမှာ (၃) ဂိုးနဲ့အထက် ပေးရတာ (၅) ပွဲရှိတယ်။ ဘာစီလိုနာ ဂိုးပြတ်နိုင်မယ်။
■ ဘိုင်ယန်မြူးနစ် နှင့် အက်သလက်တီကို (ဒီဇင်ဘာ ၇ မြန်မာစံတော်ချိန် နံနက် ၂း၁၅)
ဘိုင်ယန်မြူးနစ်အသင်း ပွဲတိုင်းနိုင်ခဲ့တဲ့ အက်သလက်တီကိုနဲ့ (၆) မှတ်ကွာသွားပြီး ဒီပွဲက ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ ပွဲတစ်ပွဲဖြစ်သွားတယ်။ အက်သလက်တီကိုက ဘိုင်ယန်နဲ့ ပထမအကျော့ပွဲမှာလည်း ဂိုးမပေးရအောင် ကစားထားနိုင်ခဲ့ပြီး ဘိုင်ယန်ကို ဘယ်လိုကစားရမလဲ၊ ဘိုင်ယန်တိုက်စစ်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။ ခြေစွမ်းအရဆိုရင် အက်သလက်တီကို မရှုံးနိုင်ဘူး။ ပွဲရလဒ်ကြတော့ ဘယ်အသင်းက ဂုဏ်သိက္ခာအတွက် ပိုစဉ်းစားမလဲ ဆိုတာကို စဉ်းစားရမယ်။ ဘိုင်ယန်က အိမ်ကွင်းဖြစ်နေတော့ ပိုအားထည့်နိုင်တယ်။ ဘိုင်ယန်ကိုကြိုက်တယ်။