မက်ဒရစ်မြို့လယ်ကောင်က ခပ်စောစော ညနေခင်းတစ်ခုမှာ ဟိုဆေးဆေးလ်ဗား ဆိုသူဟာ ထမင်းတစ်ပန်းကန်ရယ်၊ အသားလုံးတွေရယ်နဲ့ ဟင်းသီးဟင်းရွက်တွေရယ်ကို သုံးဆောင်လို့နေချိန်မှာ စားပွဲထိုးတွေကတော့ စားပွဲတစ်ခုကနေ တစ်ခုဆီကို လူးလာခေါက်တုံ့ သွားလာလို့နေတယ်။
စားသောက်ဆိုင်တစ်ဆိုင်ရဲ့ မြင်ကွင်းအားလုံးကတော့ ပုံမှန်အတိုင်းပါပဲ။ ဒါပေမဲ့ အရေးကြီးဆုံး ထူးခြားချက်ကတော့ ဆေးလ်ဗား (၄၂ နှစ်) မှာ သူစားသောက်နေတာတွေ အတွက် ပေးစရာငွေမရှိတာပါပဲ။
ဆေးလ်ဗားဟာ မက်ဒရစ်မြို့ ကာဆာဒယ်ကမ်ပို ပန်းခြံအတွင်းက ကြိုးတန်းသွား ကားစခန်းတစ်ခုရဲ့ ပလက်ဖောင်းအောက်မှာ နေရသူပါ။ ဆေးလ်ဗားက အခုသီတင်းပတ် အတွင်းမှာ ဖွင့်လှစ်လိုက်တဲ့ ရော်ဘင်ဟု စားသောက်ဆိုင်မှာ အခမဲ့ညစာ သုံးဆောင်နေတဲ့ ဒါဇင်လိုက်ချီတဲ့ အိမ်ခြေရာခြေမဲ့တွေထဲက တစ်ဦးပေါ့။
ဒီညစာ စီမံကိန်းဟာ အိန်ဂျယ်ဂါစီယာ ဦးဆောင်တဲ့“ ငြိမ်းချမ်းရေးစေတမန်များ” ဆိုတဲ့ အဖွဲ့အစည်းတစ်ရပ်ရဲ့ စိတ်ကူးသစ် တစ်ရပ်ပါပဲ။ ဂါစီယာဟာ အသက် ၇၉ နှစ်အရွယ်ရှိ သူပုန်ဆန်တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး တစ်ဦးပါ။ ဖြူလွလွဆံပင်တွေ ထူထဲထဲနဲ့ ကြင်နာတဲ့အပြုံးတွေ ဆောင်းထားသူ ဂါစီယာဟာ စေတနာ့ ဝန်ထမ်းလုပ်ရပ်တွေနဲ့ စိတ်ကူးသစ် ခရစ်ယာန် အသင်းတော်ကို ဦးဆောင်တဲ့အတွက် လူသိများသူ ဖြစ်ပါတယ်။
ရော်ဘင်ဟု စားသောက်ဆိုင်ဟာ နံနက်စာနဲ့ နေ့လယ်စာကို ၁၁ ဒသမ ၇ ဒေါ်လာ (၁၁ ယူရို) နဲ့ ပုံမှန်အတိုင်း စားသုံးသူတွေကို ရောင်းချပြီး ညစာကိုတော့ အဲဒီပုံစံအတိုင်းပဲ အိမ်ခြေရာခြေမဲ့တွေကို အခမဲ့ကျွေးမွေးပါတယ်။ ဆိုင်ကို ငြိမ်းချမ်းရေး စေတမန်များဆိုတဲ့ အဖွဲ့အစည်းက ရန်ပုံငွေထောက်ပံ့ပါတယ်။
ဂါစီယာဟာ မက်ဒရစ်မြို့နဲ့ စပိန်က တခြားနေရာတွေမှာ အဲဒီလိုဆိုင်မျိုး သုံးဆိုင်လောက်ထားရှိဖို့ စီစဉ်ထားပါတယ်။ အလွန်ကြီးမားတဲ့ စီးပွားရေး အကျပ်အတည်း ကျရောက်ခဲ့ပြီးတဲ့နောက် စပိန်နိုင်ငံမှာ လူပေါင်းငါးဦးမှာ တစ်ဦးဟာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းနဲ့ ကပ်လျက်မှာ နေထိုင်နေရသူတွေ ဖြစ်ပါတယ်။
ဝေငှထားတဲ့ GAP အားကစားတီရှပ်ကို ဝတ်လို့ အသားလုံးကိုလှီးဖြတ်နေတဲ့ ဆေးလ်ဗားက ဆိုင်အနီးအနားက ဖာသာအိန်ဂျယ်လို့ခေါ်တဲ့ ကက်သလစ် ကျောင်းတော်က ရလေ့ရှိတဲ့ အေးစက်နေတဲ့ ဆင်းဒဝှစ်ချ်တွေကနေ အများကြီး တိုးတက်လာတာကို ကြိုဆိုလိုက်ပြီး “သိပ်ကိုကောင်းတာပဲ” လို့ ပြောလိုက်ပါတယ်။
ဆေးလ်ဗားဟာ စားပြီးတာနဲ့ နွေးထွေးတဲ့ ဆိုင်အတွင်းကနေထွက်ပြီး ဒီဇင်ဘာလရဲ့ အအေးဓာတ်ထဲကို ပြန်လည်ဝင်ရောက် သွားပါတယ်။
သူထွက်သွားပြီးတဲ့အခါ လူ ၅၀ ဆံ့တဲ့ စားသောက်ဆိုင်ထဲကို တခြားသူတွေ ဝင်လာပါတယ်။ တချို့လူတွေကတော့ ဆိုင်ရှေ့မှာ တန်းစီနေရတုန်းပါပဲ။
“လိုအပ်နေသူတွေအတွက် ဒါက ပိုပြီး ဂုဏ်သိက္ခာရှိမှုကို ပေးပါတယ်” လို့ ဂါစီယာက အခုစားသောက်ဆိုင် မဖွင့်ခင် ရက်အနည်းငယ်အလိုမှာ မက်ဒရစ်မြို့က ဂေးတွေအနေများတဲ့ ရပ်ကွက်ဖြစ်တဲ့ ချူအီကာမှာရှိတဲ့ သူရဲ့ ဆန်အန်တွန် ကျောင်းတော်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီကျောင်းတော်မှာ ဂါစီယာရဲ့ဘေးမှာတော့ အိမ်ခြေရာခြေမဲ့ ဒါမှမဟုတ် စီးပွားရေး အကျပ်တွေ့နေတဲ့ ယောက်ျားတွေ၊ မိန်းမတွေဟာ နံနက်စာအတွက် ကော်ဖီသောက်ပြီး ထောပတ်မုန့်တွေ စားနေတာ တွေ့ရပါတယ်။
ဂါစီယာရဲ့ကျောင်းက ညနေတိုင်းမှာ လူ ၂၀၀ ကို ဆင်းဒဝှစ်ချ်၊ စွပ်ပြုတ်နဲ့ သစ်သီးတွေ ကျွေးမွေးတာမို့ သူတို့ ပြန်ရောက်လာကြ ဦးမှာပါ။
“ဆိုင်မဖွင့်ရသေးခင် အခုထိတော့ လူတွေဟာ ညစာစားရဖို့ လမ်းပေါ်မှာ အအေးဒဏ်ထဲ၊ မိုးရေတွေထဲ တန်းစီစောင့်ဆိုင်းနေရ ဦးမှာပဲ။ ဒါကြောင့် သူတို့ စားသောက်ဆိုင် တစ်ဆိုင်အတွင်းမှာ စားနိုင်အောင် ကျွန်တော်တို့ ဘာလို့မလုပ်နိုင်ရမှာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်မိတယ်” လို့ ဂါစီယာက ပြောပါတယ်။ ဒီလိုနဲ့ ရော်ဘင်ဟု စားသောက်ဆိုင် မွေးဖွားလာတာပါတဲ့။
စားသောက်ဆိုင်က အိမ်ခြေရာခြေမဲ့တွေအတွက် ဝန်ဆောင်မှုနှစ်ရပ် လုပ်ပေးထားပါတယ်။ ခရစ်ယာန် ကျောင်းတွေမှာ ပုံမှန်အစားအသောက် ယူနေရသူတွေထဲက အယောက် ၁၀၀ စာအတွက် ညစာလုံလောက် ပါတယ်။
လွန်ခဲ့တဲ့နှစ်ကတည်းက ဂါစီယာက ခရစ်ယာန်ကျောင်းကို ဘယ်ဘာသာကိုးကွယ်တဲ့ ဘယ်သူ့အတွက်မဆို ဖွင့်သင့်တယ်ဆိုတဲ့ ခိုင်မာတဲ့ယုံကြည်ချက်ကို ပြသလိုက်ပြီးတဲ့ နောက်ပိုင်း ခရစ်ယာန်ကျောင်းဟာ အင်စတီကျူးရှင်းတစ်ခု ဖြစ်လာပါတယ်။
အိမ်ခြေရာခြေမဲ့တွေကို အစားအစာ တည်ခင်းကျွေးမွေးရုံတင်မကပါဘူး။ ရုပ်သံ ဖန်သားပြင်ပေါ်မှာ ပုပ်ရဟန်းမင်းကြီးရဲ့ ပုံရိပ်တွေအပြင် ဘောလုံးပွဲတွေကိုတောင်မှ ပြသပေးပါတယ်။
လွန်ခဲ့တဲ့နှစ်က တူရကီကမ်းခြေမှာ လာရောက်သောင်တင်တဲ့ အေလန်ကာဒီ အမည်ရှိ သုံးနှစ်အရွယ် ဆီးရီးယားကလေး ငယ်ရဲ့အလောင်းဟာ ကမ္ဘာကို ပွက်လောရိုက် သွားစေခဲ့ပြီး ဒုက္ခသည်တွေရဲ့ အကျပ်အတည်းကို မီးမောင်းထိုးပြခဲ့ပါတယ်။
ဂါစီယာကိုယ်တိုင်က လိင်တူစုံတွဲတွေရဲ့ ကလေးတွေကို ရေဖျန်းမင်္ဂလာပြုပေးတာမို့ အဲဒီအတွက် နိုင်ငံအနှံ့က ဧည့်သည်တွေ လာ ရာက်ကြပါတယ်။
“တစ်နေ့ကို လူ ၁၀၀၀ ကျော်လာတယ်” လို့ ဂါစီယာက ပြောပါတယ်။
ဂါစီယာရဲ့ အဖွဲ့ဟာ ကျောင်းတော်ကို စီမံတာနဲ့ စားသောက်ဆိုင်သစ် ဖွင့်ပေးတာအပြင် အများကြီး ထပ်လုပ်နိုင်ဖို့ ကြိုးစားပါတယ်။
မိဘမဲ့ဂေဟာတွေမှာ ကလေးတွေ ကြောက်မက်ဖွယ် ဆက်ဆံခံနေရတာတွေကြောင့် ဂါစီယာဟာ သူအသက် ၂၅ နှစ် အရွယ်လောက်က ၁၉၆၂ ခုနှစ်မှာ ငြိမ်းချမ်းရေး စေတမန်များအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေကို နွေးထွေးစွာကြိုဆိုနိုင်မယ့် ဂေဟာတွေ ဖန်တီးပေးဖို့ပါ။
အဲဒီကနေ သူ့ရဲ့အဖွဲ့အစည်းဟာ ကြီးထွားလာပြီး AIDS ရောဂါရနေတဲ့ လူငယ်တွေ၊ မသန်စွမ်းတဲ့ ကလေးငယ်တွေ၊ အိမ်တွင်း အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်မှုတွေ စတင်ပြုလုပ် လာပါတယ်။
ဂါစီယာရဲ့အဖွဲ့ဟာ လှူဒါန်းမှုတွေ၊ ထောက်ပံ့မှုတွေနဲ့ စီးပွားရေးလုပ်ငန်း တချို့က ရတဲ့ဝင်ငွေတွေကို ရန်ပုံငွေပြုပြီး ပြည်ပကိုလည်း လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေပေးပါတယ်။ အဖွဲ့ရဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဝန်ထမ်း ၄၀၀၀ လောက် ခန့်ထားတဲ့အပြင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီနေသူတွေလည်း ၄၂၀၀ ရှိပါတယ်။
နှစ်တွေအများကြီးကို ဖြတ်သန်းလာတာနဲ့အမျှ နူးညံ့စွာ စကားပြောတတ်တဲ့ ဂါစီယာမှာ ပြောစရာ ဂန္ထဝင်အကြောင်းအရာတွေ စုပုံလာပါတယ်။ ရန်ပုံငွေ အဆက်မပြတ် ရှာဖွေနေစဉ်ကာလမှာ စပိန်အာဏာရှင် ဖရန်စစ္စကို ဖရန်ကိုနဲ့ တွေ့ဆုံခဲ့တဲ့အချိန်ဟာလည်း သူ့အတွက် အမှတ်တရပါ။
“သူက ကျွန်တော်တို့ကို ငြိမ်းချမ်းရေး စေတမန်များက ဘာလုပ်လဲလို့မေးတယ်။ ကျွန်တော်က မိဘတွေ စွန့်ပစ်သွားတဲ့ ကလေးငယ်တွေ၊ လက်မထပ်ဘဲရခဲ့တဲ့ ဒါမှမဟုတ် အကျဉ်းထောင်ထဲ ရောက်နေတဲ့ မိဘတွေရဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ပါလို့ ဖရန်ကို ကို ပြောလိုက်တယ်” လို့ ဂါစီယာက ပြောပြပါတယ်။
“သူမျက်ရည်ကျတာ ကျွန်တော်မြင်ရတယ်။ အဲဒီအချိန်မှာ သူက အိုနေပြီ။ အဲဒီ အချိန်ဟာ သူမသေခင် နှစ်နှစ် သုံးနှစ်လောက်ကပါ။ သူက ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း အဲဒီလို ကလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်တဲ့။ ကျွန်တော့်မိဘတွေက ကွဲသွားကြတယ်လို့ ဖရန်ကိုက ပြောပါတယ်” လို့ ဂါစီယာက ဆိုပါတယ်။
“အဘိုးကြီးတစ်ယောက် အထူးသဖြင့် စစ်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်က သူဟာလည်း အဲဒီလို ကလေးတစ်ယောက်ပါပဲလို့ ပြန်သတိရတာကို မြင်ရတာ စိတ်လှုပ်ရှားရပါတယ်” လို့ ဂါစီယာက ပြန်ပြောပြပါတယ်။
ဒီဇင်ဘာ ၁ ရက်က မက်ဒရစ်မြို့ ရော်ဘင်ဟု စားသောက်ဆိုင်တွင် အခမဲ့ ညစာကျွေးမွေးနေစဉ်အတွင်း စားပွဲထိုးများ တည်ခင်းဧည့်ခံ နေစဉ်