■ ဘုန်းမောက် - လီဗာပူးလ် (၄-၁၂-၂၀၁၆ ည ၈း၀၀)
တိုက်စစ်ကို လွတ်လွတ်လပ်လပ်ကစားတတ်တဲ့ အသင်းနှစ်သင်းရဲ့ ပွဲပါ။ ဒီလိုပွဲမျိုးမှာ တိုက်စစ်ပိုကောင်းတဲ့ အသင်းက နိုင်မှာပဲ။ အိမ်ကွင်းအဝေးကွင်းတောင် သိပ်အရေးမပါလောက်ဘူး။ ပြောရရင် လီဗာပူးလ်နဲ့ ကလော့ပ်ကြိုက်တဲ့ ပွဲစဉ်မျိုးပါ။ မန်စီးတီး-ချယ်လ်ဆီး ဆုံတွေ့နေချိန်မှာ လီဗာပူးလ်အနိုင်ကစားမယ်။
■ အဲဗာတန် - မန်ယူ (၄-၁၂-၂၀၁၆ ည ၁၀း၃၀)
နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ အဲဗာတန်ရဲ့ ခြေစွမ်း၊ စိတ်ဓာတ်က အားရစရာ မရှိဘူး။ နောက်ဆုံး (၅)ပွဲကို ပြန်ကြည့်ရင်လည်း ရှုံးပွဲ၊ နိုင်ပွဲ၊ နိုင်ပွဲပျောက်(၃)ပွဲဆိုတဲ့ Rhythm က အကျဘက်ကိုပြတယ်။ဒီအနေအထားက လုံးဝကျဆင်းနေမှုကို ပြတယ်။အဲဗာတန်ဟာ ယာယီ ကြုံတွေ့နေရတဲ့ အခက်အခဲ မဟုတ်ဘဲတကယ်ကို ကျဆင်းလာတာကို တွေ့ရတယ်။ရလဒ်ကောင်းချင်ရင် ဘာကလေကို ရဲရဲထုတ်ပယ်လိုက်တော့လို့ ပြောရလောက်အောင် ဘာကလေရဲ့ ခြေစွမ်းက ချာတူးလန် နေတယ်။အဲဗာတန်ကွင်းလယ်မှာ ပုံမှန်ခြေစွမ်းပြသူ မရှိတဲ့အနေအထားမှာမန်ယူရဲ့ ကွင်းလယ်ကျတော့ အရမ်းအားကောင်းနေတယ်။တစ်သင်းလုံးမှာ ဂိုး၊ နောက်၊ ရှေ့က စိတ်ချလို့မရပေမယ့် ကွင်းလယ်လူတွေက ပုံစံကောင်းပြနေကြတယ်။ ပေါ့ဘာ ကောင်းလာတယ်။ကာရစ်က ဒီပွဲပြန်ကစားဖု့ိများတယ်။ ဟာရဲရား၊ မာတာနဲ့ ရွန်နီတောင် ခြေပြန်တက်လာတာကို တွေ့ရတယ်။အစဉ်အလာအားဖြင့်တော့ အဲဗာတန်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ပွဲရလဒ်ကောင်းခဲ့တာကလွဲရင် ပြီးခဲ့တဲ့ (၃)ရာသီဆက် တိုက် ရှုံးပွဲတွေ့ခဲ့တယ်။ ဒီနှစ်တော့ မန်ယူ နိုင်ပွဲရလိမ့်မယ်။
ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
Most Read
Most Recent
4 hours ago