နိုဝင်ဘာ (၂၈)ရက်နေ့က ဖြစ်ပွားခဲ့သော ဘရာဇီးလ်ကလပ် ချာပိုကိုအန်ဆီအသင်းသားများ ပါဝင်သည့် လေယာဉ်ပျက်ကျမှု ဖြစ်စဉ်တွင် လေယာဉ်မှူ း၏ ဆီကုန်သွားကြောင်း သတင်းပို့သည့် အသံဖိုင်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
လေယာဉ်မှူး ကီရိုဂါသည် လေယာဉ်ပျက်မကျမီ မိနစ်ပိုင်းအလိုတွင် မက်ဒယ်လင် နိုင်ငံတကာလေဆိပ်ရှိ လေကြောင်း ထိန်းချုပ်စင်တာသို့ ဆီပြဿနာ ပေါ်နေကြောင်း သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ တာဝန်ရှိသူများကမူ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဆီကုန်သွားမှုကို အတည်ပြု သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၃၀) ရက်နေ့က ချာပိုကိုအန်ဆီအသင်းကွင်းနှင့် ဗိုလ်လုပွဲကစားရမည့် အက်သလက်တီကိုနေစီယွန်နယ် အသင်း၏ ကွင်းများတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းနားများ ကျင်းပခဲ့သည်။
LAMIA 2933 လေယာဉ်၏လေယာဉ်မှူးမှ ဆီကုန်သွားကြောင်း အကြောင်းကြားခဲ့သည်ဟု သတင်းများထွက်ပေါ်
Most Read
Most Recent
4 hours ago