မြန်မာနှင့် ထိုင်းအသင်းတို့သည် ၂၀၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် လာမည့်ဒီဇင်ဘာ ၄ ရက်နှင့် ၈ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် လာမည့်ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထိုင်းအသင်းနည်းပြဖြစ်သူ ကိုင်တီဆတ်က မြန်မာအသင်းမှာ အသင်းကောင်းတစ်သင်းဖြစ်ပြီး ငယ်ရွယ်သည့် ကစားသမားများဖြင့် စုဖွဲ့ထားသောကြောင့် လျင်မြန်မှုဦးစားပေးကစားသည်ကို သိရှိထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
The Phuket News သတင်းဌာန၏ ဖော်ပြထားမှုတွင် ကိုင်တီဆတ်က “မြန်မာအသင်းက အသင်းကောင်းတစ်သင်းပါ။ သူတို့အသင်းက အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ ငယ်ရွယ်တဲ့ ကစားသမားတွေကို ပေါင်းစပ်ထားတာပါ။ အထူးသဖြင့် FIFA ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့တဲ့အသင်းက လူငယ်ကစားသမားတွေကို အခြေခံဖွဲ့စည်းထားတာပါ။ အဲဒီအတွက် သူတို့အသင်းဟာ လျင်မြန်မှုကို ဦးစားပေး ကစားလေ့ရှိတယ်ဆိုတာကို ကျွန်တော်သိရှိထားပါတယ်။ သူတု့ိအသင်းက တိုက်စစ်သွားတဲ့အခါမှာ တောင်ပံတွေကနေ အဓိကသွားတာပါ။ တိုက်စစ်မှူးအောင်သူကို ကျွန်တော်သိပါတယ်။ သူဟာ အသက် ၂၀ ပဲရှိပါသေးတယ်။ အရမ်းကိုလျင်မြန်ပြီး ထူးချွန်တဲ့ကစားသမားပါ။ ဒါပေမဲ့ ကျွန်တော်တို့သူတို့ကို အရေးနိမ့်လိမ့်မယ်လို့ မထင်ပါဘူး။ သူတို့က ပထမအကျော့မှာ သရဖူဆောင်းနိုင်အောင် လုပ်ဆောင်မှာသေချာပါတယ်။ အံ့သြစရာ ဒါမှမဟုတ် အကောင်းဆုံးလုပ်ဆောင်မှု တစ်ခုခုပေါ့။ ဒီပွဲအတွက် ကျွန်တော်တို့ အားလုံးပြင်ဆင်ပြီးပါပြီ။ ကြံ့ခိုင်မှုပိုင်းကလည်း အကောင်းဆုံးအခြေအနေမှာ ရှိပါတယ်” ဟုပြောကြားခဲ့သည်။
မြန်မာအသင်းမှာ အသင်းကောင်းဖြစ်ပြီး ငယ်ရွယ်သည့် ကစားသမားများဖြင့် စုဖွဲ့ထားသောကြောင့် လျင်မြန်မှုဦးစားပေး ကစားသည်ကို သိရှိထားကြောင်း ထိုင်းအသင်းနည်းပြ ကိုင်တီဆတ် ပြောကြား