ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄) (ပထမနေ့) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄) (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
Published 1 November 2016

■ ဘက်ဆစ်တက် နှင့် နာပိုလီ (နိုဝင်ဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၁၅)နာပိုလီက ဘက်ဆစ်တက်ကို အိမ်ကွင်းမှာ ရှုံးခဲ့တယ်။ တကယ်တော့ နာပိုလီက တစ်ဖက်သတ်ဖိကစားခဲ့တာပါ။ သူ တို့ရဲ့ ပြဿနာက ဘက်ဆစ်တက်ရဲ့ ဂိုးဖန်တီးမှုအနည်းငယ်ကို ဂိုးမပေးရအောင် မတားဆီးနိုင်ခဲ့တာပဲ။ ဒီပွဲလည်း ဘက်ဆစ် တက်ကွင်းမှာဖြစ်လို့ နာပိုလီ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ နာပိုလီ နိုင်ဖို့များတယ်။ တစ်ဂိုးအသာလောက်နဲ့ပြန်နိုင်မှာပါ။■ လူဒိုဂိုရတ်စ် နှင့် အာဆင်နယ် (နိုဝင်ဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅)မစ်ဒယ်ဘရော့နဲ့ တစ်ပွဲစာ ခြေဖောက်သွားတာကလွဲလို့ အာဆင်နယ်ရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ တိုက်စစ်ကလည်း ဂိုးတွေမြူးနေတယ်။ သွင်းဂိုး (၂)ဂိုး၊ (၃)ဂိုးလောက်အတွက်အခက်အခဲမရှိဘူး။ ကွင်းမရွေး ဘူး။ လူဒိုဂိုရတ်စ်လိုအသင်းကိုလည်း သေချာပေါက်နိုင်မယ်။ ဂိုးများတဲ့ ပွဲဖြစ်ဦးမယ်။■ ဘေဆယ် နှင့် PSG (နိုဝင်ဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅)ဘေဆယ်က PSG ကွင်းမှာတော့ ဂိုးပြတ်ရှုံးခဲ့တယ်။ လက်ရှိအချိန်မှာ PSG ရဲ့ အနေအထားက အကျပိုင်းရောက် လာတာတော့အမှန်ပဲ။ ဥရောပမှာ အသင်းကြီးအဖြစ်ဆက်မြင် နေရသလို၊ ပြည်တွင်းမှာလည်း အကောင်းဆုံးပါ။ ဒါပေမဲ့အရင် နှစ်တွေကလောက် အားမကောင်းတော့ဘူး။ ဒီပွဲလည် PSG နိုင်ဖို့ရှိပါတယ်။ ဒါပေမဲ့ (၂)ဂိုးမပြတ်ဘူး။■ ဘင်ဖီကာ နှင့် ဒိုင်နမိုကိဗ် (နိုဝင်ဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅)ဘင်ဖီကာက ပြိုင်ပွဲစုံမှာ နောက်ဆုံး (၄)ပွဲဆက် အနိုင်က စားထားတယ်။ ဒိုင်နမိုကိဗ်ကတော့ အားရစရာအနေအထား မရှိပါဘူး။ အဝေးကွင်းဆိုတော့ပိုဆိုးပါတယ်။ ဘင်ဖီကာ ရှုံးသွားနိုင် တဲ့အခြေအနေကတော့ ထည့်စဉ်းစားစရာကိုမလိုဘူး။ သရေကနေ စ စဉ်းစားရမယ်။ဘင်ဖီကာ နိုင်ဖို့ရာခိုင်နှုန်းကပိုများပါတယ်။ ■ မိုချန်ဂလာဘတ် နှင့် ဆဲလ်တစ် (နိုဝင်ဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅)မိုချန်ဂလာဘတ်က ဆဲလ်တစ်ကို အဝေးကွင်းမှာ အနိုင် ကစားခဲ့တယ်။ ဆဲလ်တစ်က မန်စီးတီးကို အိမ်ကွင်းမှာ သရေက စားဖူးပြီး တိုက်စစ်အပေါ် ယုံကြည်မှုလွန်ကဲသွားပုံရတယ်။ အ ဝေးကွင်းမှာတော့ ခံစစ်ကို အာရုံစိုက်ကစားမှာပါ။ မိုချန်ကလည်း ဂိုးပြတ်ဖို့ထက်အနိုင်သေချာအောင်ပဲကစားမယ်။ ဂိုးနည်းမယ်။■ မန်စီးတီး နှင့် ဘာစီလိုနာ (နိုဝင်ဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅)ဘာစီလိုနာက နောက်ဆုံး နှစ်ပွဲဆက်တိုက် ကျဉ်းမြောင်းတဲ့ရလဒ်တွေနဲ့ပဲ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ နိုင်ပွဲတွေကတော့ ပုံမှန်ယူနေတုန်းပဲ။ မန်စီးတီးက ပြိုင်ပွဲစုံ (၆)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီးမှ ပြီးခဲ့တဲ့ပွဲမှာ ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ ခြေစွမ်းပြ အနိုင်ကစားခဲ့တယ်။ မန်စီးတီးမှာ ဒီဘရိုင်း မကစားနိုင်သေးဘူး။ ဘာစီလိုနာကလည်း အဓိက ကွင်းလယ်လူတွေဖြစ်တဲ့ အင်နီ ယေစတာ၊ ဘူးစကွက်စ်တို့ကို ဆုံးရှုံးရမယ်။ ယော်ဒီအယ်လ်ဘာလည်း မကစားနိုင်လောက်ဘူး။ အင်နီယေစတာနဲ့ ဘူးစကွက်စ် မကစားနိုင်တာက ဘာစီလိုနာကို အင်အားနည်းစေတာအမှန်ပဲ။ ရာဖင်ဟာ-ရာကီတစ်-ဒင်းနစ်ဆွာရက်ဇ်တို့ကို မန်စီးတီးကွင်း လယ်က ကောင်းကောင်း ယှဉ်ကစားနိုင်တယ်။ ပြဿနာက ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းပဲ။ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ လူစုံ နေတဲ့အချိန်မှာ ဘာစီလိုနာကို ရင်ဆိုင်ရတာမလွယ်ဘူး။ မန်စီးတီးအနေနဲ့ ပုံစံကောင်းပြနေရင်တောင် အချိန်မရွေး အမှားတစ် ခုခုကျူးလွန်နိုင်သလို၊ ဒီအမှားကို အသုံးချနိုင်တဲ့အသင်းနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။ ပထမအကျော့ကစားပုံအရဆိုရင် မန် စီးတီးကစားတာက လက်ခံနိုင်စရာအနေအထားတစ်ခုမှာ ရှိပါတယ်။ ဒါပေမဲ့ ဒီပွဲက အိမ်ကွင်းမှာဆိုပြီး ပိုကောင်းလာမယ်၊ ရ လဒ်ကောင်း ပြန်ယူမယ် ပြောလို့မရဘူး။ ဘာစီလိုနာကလည်း ကွင်းရွေးတဲ့အသင်းမျိုးမဟုတ်ဘူး။ ဘာစီလိုနာကိုပဲ ကြိုက်တယ်။■ အက်သလက်တီကို နှင့် ရော့စတော့ဗ် (နိုဝင်ဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅)အက်သလက်တီကိုအတွက် အခက်အခဲလုံးဝမရှိတဲ့ ပွဲ ပါ။ နိုင်ဖို့သေချာသလို၊ (၁)ဂိုးလောက်ပဲနိုင်မလားလို့ ပူစရာမရှိ ဘူး။ လက်ရှိတိုက်စစ်ပိုင်းမှာ ဂရစ်ဇ်မန်းကိုပဲ မှီခိုရတာမဟုတ်ဘဲ ကာရက်စ်ကိုကလည်း ဂိုးမြူးနေတယ်။ အရင်လို တစ်ဂိုး၊ နှစ်ဂိုး သွင်းပြီး ထိုင်ကစားတဲ့ပုံစံလည်းမဟုတ်ဘူး။ အက်သလက်တီ ကို (၃၊ ၄)ဂိုးနိုင်မယ်။■ PSV နှင့် ဘိုင်ယန်မြူးနစ်(နိုဝင်ဘာ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၂း၁၅)ကိုလုံးနဲ့ ဖရန့်ဖတ်တို့ကိုဆက်တိုက်သရေကျခဲ့ပြီးနောက် ပိုင်း ပြိုင်ပွဲစုံမှာ ဘိုင်ယန်နိုင်ပွဲဆက်နေတယ်။ တစ်ပွဲကို (၂)ဂိုး၊ (၃)ဂိုးသွင်းနိုင်တယ်။ ရော်ဘင်၊ ဒေါက်ကလပ်စ်ကော်စတာတို့ လည်း ပြန်ပါလာတယ်။ PSV က အိမ်ကွင်းကောင်းပေမယ့် ဘိုင် ယန်ကို တားဆီးနိုင်ဖို့မရှိပါဘူး။

Most Read

Most Recent