မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ်အဖြစ် နေပြည်တော်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်လိုက်ကြောင်း သိရသည်။MFF သည် ဦးမျိုးလှိုင်ဝင်းကို ပြီးခဲ့သည့် ဧပြီ(၂၈)ရက်က (၁) နှစ်စာချုပ်ဖြင့် အပြီးသတ် စာချုပ်ချုပ်ဆို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ MFF သည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အတွက် မြန်မာ ယူ-၁၉ အသင်းကို စတင် ဖွဲ့စည်းခဲ့ပြီး လာမည့်မေလအတွင်း လေ့ကျင့်မှုများ စတင်ပြုလုပ်သွားမည်ဖြစ်သည်။MFF သည် မြန်မာ ယူ-၁၉ အသင်းကို ပဏာမကစားသမား (၄၃) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလပထမပတ်တွင် လူရွေးပွဲများ ကျင်းပကာ ကစားသမားများ လျှော့ချသွားမည်ဖြစ်သည်။ယခုဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၁၉ အသင်းတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ ယှဉ်ပြိုင် ခဲ့သည့် မြန်မာ ယူ-၁၉ အသင်းမှ ကစားသမား အများစု ပြန်လည်ပါဝင်လာပြီး လက်ရှိ၂၀၁၆ ရာသီ MNLလူငယ်အမှတ်ပေးပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် ကစားသမားများလည်း ရွေးချယ်ခံခဲ့ရသည်။
မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ်အဖြစ် ဦးမျိုုးလှိုင်ဝင်းကို တစ်နှစ်စာချုပ်ဖြင့် MFF ခန့်အပ်
Most Read
Most Recent
2 hours ago