မတ်လနောက်ဆုံးရက် ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း လေးကျပ်ဝန်းကျင် ထပ်မံကျဆင်းခဲ့ပြီး တစ်ဒေါ်လာလျှင် ၁၂၀၂ ကျပ် ဝန်းကျင်အထိ ဆက်တိုက် ကျဆင်းလာကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။
မတ်လအတွင်း နှစ်ပတ်ကျော်ကြာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၁၀ ဝန်းကျင်တွင် တည်ငြိမ်နေသော ပြင်ပ ဒေါ်လာလဲနှုန်းသည် မတ် ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၆ ကျပ် ဝန်းကျင်သို့ လေးကျပ် ဝန်းကျင် စတင်ကျဆင်းခဲ့ပြီးနောက် မတ် ၃၁ ရက်တွင် တစ်ဒေါ်လာလျှင် လေးကျပ်ဝန်းကျင်သို့ ထပ်မံ ကျဆင်းခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ၁၂၀၂ ကျပ်ဝန်းကျင်သို့ နှစ်ရက်အတွင်း ရှစ်ကျပ်ဝန်းကျင်အထိ ဆက်တိုက် ကျဆင်းခဲ့သည်။
မတ် ၃၁ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၁၆ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၀၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၂၀၀ ဝန်းကျင်တွင် ရှိနေသည်။ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၁၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၀၆ ကျပ်ဝန်းကျင် သတ်မှတ်ထားသည်။
ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၀၈၆ ကျပ်ဝန်းကျင်ရှိခဲ့ပြီး တစ်နှစ်အကြာတွင် တစ်ဒေါ်လာလျှင် ၁၁၆ ကျပ်ဝန်းကျင် မြင့်တက်ခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ၁၂၀၂ ကျပ် ဝန်းကျင် ရှိလာခဲ့သည်။
၂၀၁၆ မတ် ၃၁ ရက်တွင် ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ၁၂၁၆ ကျပ်သည် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ်အထက် လေးနှစ်ကျော်ကာလအတွင်း ၄၀၁ ကျပ်သို့ တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။
ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းတွင် ဗဟိုဘဏ် သတ်မှတ်ထားသော ဒေါ်လာလဲနှုန်းသည်၂၀၁၅ ခုနှစ်အတွင်း တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်အထိ ရောက်ရှိခဲ့ပြီးနောက် ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်ကျဆင်းခဲ့သော ဒေါ်လာသတ်မှတ်နှုန်းသည် ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၁၆ ကျပ် သတ်မှတ်ထားသည်။
မတ်လ နောက်ဆုံးရက် ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း လေးကျပ်ဝန်းကျင် ထပ်မံကျဆင်းပြီး တစ်ဒေါ်လာလျှင် ၁၂၀၂ ကျပ် ဝန်းကျင်အထိ ဆက်တိုက်ကျဆင်း










