ဆိုလာစနစ် အသုံးပြုမည့် ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်းကို လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်နိုင်ရန် ပြင်ဆင်နေသည်ဟု ယင်းစီမံကိန်းကို ဦးစီး ဆောင်ရွက်နေသည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရသည်။ယင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ မဟာဓာတ်အားလိုင်း စနစ်တွင် မပါဝင်ဘဲ ပြင်ပ စီမံကိန်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းေ ဆာင်ရွက်နိုင်ရန်အတွက် စစ်တမ်း ကောက်ယူမှုများကို လုပ်ဆောင်နေရာ လာမည့် ဧပြီလအတွင်း ပြီးစီးမည်ဟု မျှော်မှန်းထားသည်။အဆိုပါ အိမ်သုံး ဆိုလာစနစ်သုံး ပစ္စည်းများ အသုံးပြုမှု စာရင်းကောက်ယူမှုကို ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။ဆိုလာစနစ်ဖြင့် ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်း ဆောင်ရွက်နိုင်ရန် အိမ်ထောင်စုပေါင်း ၁၄၀၀၀၀ ကျော်ကို စစ်တမ်း ကောက်ယူထားပြီး ယင်းစီမံကိန်းကို ၂၀၂၀ ပြည့်နှစ်အထိ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနက စီစဉ်ထားခြင်းဖြစ်သည်။စီမံကိန်း ကုန်ကျစရိတ်အဖြစ် ဒေါ်လာ သန်း ၉၀ ကျော် လျာထားပြီး ရာခိုင်နှုန်း ၉၀ ကို အစိုးရက ကျခံမည်ဖြစ်ကာ ကျန် ၁၀ ရာခိုင်နှုန်းကို ကျေးလက်နေ ပြည်သူများက ပူးပေါင်းထည့်ဝင်ပေးရမည်ဖြစ်ကြောင်း သိရသည်။မဟာဓာတ်အားလိုင်း ပြင်ပ ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်းကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဦးဆောင် အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျေးလက်ဒေသ မီးရရှိရန် ၃၆ ရာခိုင်နှုန်း ကျန်ရှိနေသေးကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေး စီမံချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အား ၄၅၃၁ မဂ္ဂါဝပ်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၈၁၂၁ မဂ္ဂါဝပ်၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် ၁၄၅၄၂ မဂ္ဂါဝပ်အထိ လိုအပ်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ဆိုလာစနစ် အသုံးပြုမည့် ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်နိုင်ရန် ပြင်ဆင်










