ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းအုပ်စု၊ သုံးဆယ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော သားအမိသုံးဦး အသတ်ခံရသည့် ဖြစ်စဉ်မှ စွပ်စွဲခံရသူ လေးဦးအား လာမည့် ဇန်နဝါရီ ၂၉ ရက် မြောက်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက်ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။ယင်းနေ့ရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် မှုခင်းဆရာဝန်တစ်ဦးက လာရောက်ထွက်ဆိုမည်ဖြစ်ပြီး ယင်းနောက် တရားလိုပြ သက်သေအဖြစ် အမှုစစ် ရဲအရာရှိကို စစ်ဆေးဖွယ်ရှိကြောင်း မြောက်ပိုင်းခရိုင် တရားရုံးမှ သိရှိရသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မတ် ၁၅ ရက်တွင် လှည်းကူးမြို့နယ်၊ မရမ်းချောင်းအုပ်စု၊ သုံးဆယ်ကျေးရွာတွင် အိမ်နီးချင်းမိသားစု နှစ်ခု စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ပြီး သုံးလအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့ကာ အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ထိုသို့ သေဆုံးခဲ့သည့် မိသားစုအား စွပ်စွဲခံရသူများဖြစ်သည့် ဇော်လင်း၊ ဇော်မင်း၊ ဇော်ဝင်းနှင့် ဇော်နိုင်တို့က ထင်းခုတ်ဓားနှင့် ခုတ်သတ်ခဲ့ခြင်းဟုဆိုပြီး အဆိုပါ ဖြစ်စဉ်အား ဖောင်ကြီးနယ်မြေ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၀၂၊ ၃၂၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်၍ မြောက်ပိုင်းခရိုင် တရားရုံးတွင် အမှုအား စစ်ဆေးနေခြင်းဖြစ်သည်။
သားအမိ သုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ လာမည့်ရုံးချိန်းတွင် မှုခင်းဆရာဝန် ထွက်ဆိုမည်
Most Read
Most Recent
4 hours ago