ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိုလှောင်ထားကြောင်း သတင်းရရှိသဖြင့် ဝင်ရောက်ရှာဖွေရာ မတွေ့ရှိပဲ မော်တော်ယာဉ် နံပါတ်ပြား အတုများနှင့် ဆက်စပ်ပစ္စည်များ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ဇန်နဝါရီ ၁၃ ရက် ကရင်ပြည်နယ်၊ ဘားအံ့မြို့၊ အမှတ် (၅) ရပ်ကွက်၊ ရန်နိုင် (၄၂) မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများသို ဝှက်ထားကြောင်း သတင်းရသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိဘဲ နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းရှိ ပလတ်စတစ် ဆွဲခြင်းများအတွင်းမှ မော်တော်ယာဉ် နံပါတ်ပြား အတုမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ၊ နေအိမ်နောက်ဖေး မီးဖိုချောင်အတွင်းမှ နံပါတ်ပြားအတု ပြုလုပ်ရန် ဖြတ်တောက်ထားသည့် သွပ်ပြားများ၊ ဖြတ်တောက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။စစ်ဆေးချက်အရ အဆိုပါ နံပါတ်ပြား အတုများအား ဆေးမှုတ်ခြင်း၊ စတစ်ကာကပ်ခြင်းနှင့် စာလုံးပုံဖော်ခြင်းတို့ကို ဘားအံ့မြို့နယ်၊ ရဲသာကျေးရွာ၊ GTC ကျောင်းအနောက်ဘက်ရှိ ဝါးရုံတောအတွင်း ပြုလုပ်ကြောင်း သိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ နံပါတ်ပြားအတု အကြမ်းထည်များနှင့် မူတ်ဆေးဘူးများ၊ နံပါတ်ပြားအတု စာလုံးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ထပ်မံတွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သိရသည်။အဆိုပါ နံပါတ်ပြားများအတု ပြုလုပ်နေသူ မောင်ရန်နိုင်အား ဘားအံ့မြို့မ ရဲစခန်း မှ(ပ)၁၂/၂၀၁၆ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့် အရေးယူထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိုလှောင်ထားကြောင်း သတင်းရသဖြင့် ဝင်ရောက်ရှာဖွေရာ မတွေ့ရှိဘဲ မော်တော်ယာဉ် နံပါတ်ပြား အတုများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ