ဖက်ဒရယ်စနစ်၏ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ရှစ်ပြည်နယ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရန်နှင့် ဗမာပြည်နယ် ထူထောင်ရန်တို့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အကြံပြု ဆွေးနွေးမှုများရှိ

ဖက်ဒရယ်စနစ်၏ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ရှစ်ပြည်နယ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရန်နှင့် ဗမာပြည်နယ် ထူထောင်ရန်တို့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အကြံပြု ဆွေးနွေးမှုများရှိ
Published 17 January 2016

ဖက်ဒရယ်စနစ်၏ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ရှစ်ပြည်နယ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရန်နှင့် ဗမာပြည်နယ် ထူထောင်ရန်တို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အကြံပြု ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံးနေ့တွင် နိုင်ငံရေး ဆွေးနွေးမှုကဏ္ဍ အစုအဖွဲ့ ဆွေးနွေးပွဲမှ ညီလာခံသို့ ဖတ်ကြားတင်သွင်းသည့် စာတမ်းအရ သိရသည်။ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်ထိ ငါးရက်ကြာ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေးကဏ္ဍ ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့် မူများ-ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့ အသီးသီးမှ ၎င်းတို့၏ သဘောထားများကို ညီလာခံတွင် ဆွေးနွေးခဲ့ခြင်းတွင် ရေးသားထားသည်။ပြည်နယ်များ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လူမျိုးကို အခြေခံကာ သတ်မှတ်စေလိုကြောင်း တိုင်းရင်းသားများ အစုအဖွဲ့က ဆွေးနွေးခဲ့ပြီး တပ်မတော် အစုအဖွဲ့ကမူ ပထဝီကို အခြေခံကာ သတ်မှတ်လိုကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကမူ ပြည်နယ်များအား ဖွဲ့စည်းရာတွင် အမျိုးသား ပြည်နယ်များနှင့် အမျိုးသားများ ပြည်နယ်များဟူ၍ ဖွဲ့စည်းရန် အကြံပြု ဆွေးနွေးခဲ့ကြကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အစုအဖွဲ့ဝင် တစ်ဖွဲ့နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်အချို့သည် ပြည်နယ် အသစ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသစ်များကို လိုအပ်သလို ဖွဲ့စည်းပေးသွားရေး စဉ်းစားပေးရန် အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent