သမ္မတတာဝန် ထမ်းဆောင်ခဲ့သူအား ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ “ဥပဒေနှင့်အညီ” ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟု ပြည်သူ့လွှတ်တော်က အတည်ပြုထားမှုကို အမျိုးသားလွှတ်တော်က “ဥပဒေနှင့်အညီ” ဆိုသည့် စာသားဖြုတ်ကာ အတည်ပြု
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအား နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ “ဥပဒေနှင့်အညီ” ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်း မရှိစေရဟု ပြည်သူ့လွှတ်တော်က အတည်ပြု ထားသော်လည်း အမျိုးသားလွှတ်တော်က “ဥပဒေနှင့်အညီ” ဆိုသည့် စာသားဖြုတ်ကာ ဥပဒေကြမ်း၏ အဆိုပြု ပြဋ္ဌာန်းချက်များအတိုင်း ဇန်နဝါရီ ၁၄ ရက်က အတည်ပြုခဲ့သည်။
နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က မူလအဆိုပြု ပြဋ္ဌာန်းချက်များအတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဥပဒေကြမ်း၏ အခန်း ၄ အပိုဒ် ၁၀ တွင် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟု ဥပဒေကြမ်းတွင် အဆိုပြုထားသည်။
ပြည်သူ့လွှတ်တော်က အဆိုပါ ပြဋ္ဌာန်းချက်အား နိုင်ငံတော် သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ “ဥပဒေနှင့်အညီ” ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟု ပြည်သူ့လွှတ်တော်က ပြင်ဆင်အတည်ပြု ခဲ့သော်လည်း အမျိုးသားလွှတ်တော်က အဆိုပြုပြ ဋ္ဌာန်းချက်အတိုင်းသာ အတည်ပြုခဲ့သည်။
အဆိုပါ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ဇန်နဝါရီ ၁၁ ရက်တွင် ပြင်ဆင်ချက်များဖြင့် အမျိုးသား လွှတ်တော်သို့ ပေးပို့လာခြင်းဖြစ်ကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအား အတည်ပြုသင့်သည်ဟု တင်ပြခဲ့ကြောင်း၊ သို့ရာတွင် တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦးနှင့် လွှတ်တော်ကိုယ်စား လှယ်နှစ်ဦး၏ ဆွေးနွေးချက်များအား မဲခွဲဆုံးဖြတ်ရာတွင် ဆွေးနွေးသူများ၏ တင်ပြချက်များအား အတည်ပြုခဲ့သည်။
ဥပဒေကြမ်း၏ အဆိုပြုပြဋ္ဌာန်းချက်ဖြစ်သည့် ကိုယ်ရံတော် ဆိုသည်မှာ နိုင်ငံတော်သမ္မတအား တိုက်ခိုက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် လက်ရောက်မှုပြုခြင်းတို့မှ အကာအကွယ်ပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခန့်အပ်သူကို ဆိုလိုသည်ဟု ပြဋ္ဌာန်းချက် အတိုင်းပင် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။
နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ပြီး နောက်ပိုင်းတွင် ထိုတာဝန် ထမ်းဆောင်စဉ်က ဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့မှုများနှင့် စပ်လျဉ်းပြီး အနှောင့်အယှက်ပေးခြင်း၊ အန္တရာယ်ပြုခြင်းတို့မှ ကာကွယ်နိုင်ရန်ဆိုသည့် အဆိုပြု ပြဋ္ဌာန်းချက်အတိုင်း အမျိုးသား လွှတ်တော်က အတည်ပြုခဲ့သည်။
အခန်း ၄ အပိုဒ် ၁၀ တွင် နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဆိုသည့် အဆိုပြု ပြဋ္ဌာန်းချက်အား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။
ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်များဖြင့် ပေးပို့လာသည့် အဆိုပါ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့မည် ဖြစ်သည်။
သမ္မတတာဝန် ထမ်းဆောင်ခဲ့သူအား ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ “ဥပဒေနှင့်အညီ” ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟု ပြည်သူ့လွှတ်တော်က အတည်ပြုထားမှုကို အမျိုးသားလွှတ်တော်က “ဥပဒေနှင့်အညီ” ဆိုသည့် စာသားဖြုတ်ကာ..















