ရှမ်းပြည်နယ်တွင် စသုံးလုံး အရာရှိ တစ်ဦးအား မူးယစ်ဆေးဝါး သယ်ဆောင်မှုဖြင့် ဖမ်းဆီးပြီးနောက် ၎င်း၏ သူငယ်ချင်းဖြစ်သူ နေပြည်တော်မှ စသုံးလုံး အရာရှိ တစ်ဦးကို ထပ်မံထိန်းသိမ်း စစ်ဆေးနေဟု သိရ

ရှမ်းပြည်နယ်တွင် စသုံးလုံး အရာရှိ တစ်ဦးအား မူးယစ်ဆေးဝါး သယ်ဆောင်မှုဖြင့် ဖမ်းဆီးပြီးနောက် ၎င်း၏ သူငယ်ချင်းဖြစ်သူ နေပြည်တော်မှ စသုံးလုံး အရာရှိ တစ်ဦးကို ထပ်မံထိန်းသိမ်း စစ်ဆေးနေဟု သိရ
Published 8 December 2015

ရှမ်းပြည်နယ်တွင် စသုံးလုံး အရာရှိ တစ်ဦးအား မူးယစ်ဆေးဝါး သယ်ဆောင်မှုဖြင့် ဖမ်းဆီးပြီးနောက် ၎င်း၏ သူငယ်ချင်းဖြစ်သူ နေပြည်တော်မှ စသုံးလုံး အရာရှိ တစ်ဦးကို ထပ်မံထိန်းသိမ်း စစ်ဆေးနေကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။ထပ်မံ ထိန်းသိမ်း စစ်ဆေးခံရသူမှာ စုံစမ်းရေးမှူး သူရဝင်းနှင့် ရာထူးတူ နေပြည်တော် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ)တွင် တာဝန်ထမ်းဆောင်နေသော အရာရှိ တစ်ဦးပင်ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ရှမ်းပြည်နယ် ပင်လောင်း၊ မှော်ဘီသွား ကားလမ်းတွင် ရှမ်းပြည်နယ် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ)မှ စုံစမ်းရေးမှူး သူရဝင်းအား ဘိန်းညိုဆာလာအိတ် သုံးဆယ်နှင့် လက်နက်သယ်ဆောင်မှုဖြင့် နိုဝင်ဘာ ၂၁ ရက်က ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင်အား စသုံးလုံး အရာရှိ တစ်ဦးအား ထပ်မံထိန်းသိမ်း စစ်ဆေးမှုနှင့် ပတ်သက်ပြီး မေးမြန်းရာ ၎င်းရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက “အတည်ပြုလို့တော့ မရသေးဘူး။ သူငယ်ချင်းဆိုတာတော့ မှန်တယ်။ ဝန်ထမ်းတော့ ဝန်ထမ်းပါပဲ။ နေပြည်တော်မှာဆိုတော့ ရှမ်းပြည်နယ်ကိုတော့ မရောက်သေးဘူး” ဟု ဒီဇင်ဘာ ၇ ရက်က ပြောကြားသည်။မူးယစ်တပ်ဖွဲ့ ၂၆ စု ပင်လောင်းမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၁ ရက်က ပင်းလောင်း၊ မှော်ဘီသွားကားလမ်း မိုင်တိုင်အမှတ် ၄၂/၃ အနီးတွင် ပင်းလောင်းဘက်မှမှော် ဘီဘက်သို့ သူရဝင်းမောင်းနှင်ပြီး ဦးမောင်မောင် လိုက်ပါသည့် ယာဉ်အမှတ် SHN 2D/.... Surf မော်တော်ယာဉ်ကို ရှာဖွေရာ ဘိန်းညိုမှုန့် ၄၈၂ ကီလို (တန်ဖိုးငွေ ကျပ်သိန်း ၄၈၂၀၀)၊ မြန်မာငွေ ကျပ်သိန်း ၂၀၊ ပွိုင့် ၂၂ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ၎င်းကျည် ၁၃ တောင့်တို့ကို သိမ်းဆည်းရမိသည်ဟု နိုဝင်ဘာ ၂၃ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သူရဝင်းနှင့် အတူပါလာသော ဦးမောင်မောင် ဆိုသူအား စစ်ဆေးမေးမြန်းရာ ကွင်းဆက်အနေဖြင့် အရပ်သားနှစ်ဦးအား ထပ်မံဖမ်းဆီး စစ်ဆေးနေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင်က ဒီဇင်ဘာ ၄ ရက်က ပြောကြားထားသည်။ထို့ပြင် စသုံလုံး အရာရှိနှင့် ဆက်စပ်ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်ဖမ်းဆီးရမိမှုများကြောင့် ရှမ်းပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ)အတွင်း နေရာပြောင်းရွှေ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရရသည်။

Most Read

Most Recent