ပုဒ်မ ၄၀၆ ဖြင့် ဖမ်းဆီး တရားစွဲဆို ခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်း စာရေး၏ သုံးကြိမ်မြောက် ရုံးချိန်းတွင် တရားလို ဒေါ်သိန်းသိန်းနိုင်က မိမိဝယ်ယူခဲ့သည့် မြေကွက်တစ်ခုမှာ ကျပ်သိန်း ၅၀၀၀ ဖြစ်ပြီး စာချုပ် ချုပ်ဆိုချိန်တွင် ကျပ်သိန်း ၅၀ ဖြင့် ချုပ်ဆိုခဲ့ခြင

ပုဒ်မ ၄၀၆ ဖြင့် ဖမ်းဆီး တရားစွဲဆို ခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်း စာရေး၏ သုံးကြိမ်မြောက် ရုံးချိန်းတွင် တရားလို ဒေါ်သိန်းသိန်းနိုင်က မိမိဝယ်ယူခဲ့သည့် မြေကွက်တစ်ခုမှာ ကျပ်သိန်း ၅၀၀၀ ဖြစ်ပြီး စာချုပ် ချုပ်ဆိုချိန်တွင် ကျပ်သိန်း ၅၀ ဖြင့် ချုပ်ဆိုခဲ့ခြင
Published 3 December 2015

ပုဒ်မ ၄၀၆ ဖြင့် ဖမ်းဆီး တရားစွဲဆို ခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်း စာရေး၏ သုံးကြိမ်မြောက် ရုံးချိန်းတွင် တရားလို ဒေါ်သိန်းသိန်းနိုင်က မိမိဝယ်ယူခဲ့သည့် မြေကွက်တစ်ခုမှာ ကျပ်သိန်း ၅၀၀၀ ဖြစ်ပြီး စာချုပ် ချုပ်ဆိုချိန်တွင် ကျပ်သိန်း ၅၀ ဖြင့် ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုဌာနအတွင်း ကျပ်သိန်း ထောင်ချီ လာဘ်ယူခဲ့သည် ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် ဖမ်းဆီး တရားစွဲဆို ခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်း စာရေး ဦးမြင့်ဇော်ထွေး၏ သုံးကြိမ်မြောက် ရုံးချိန်းအား ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် တရားရုံး၌ စတင်စစ်ဆေးရာ တရားလိုဖြစ်သူအား စစ်ဆေးခဲ့ကြောင်း သိရသည်။ကျပ်သိန်းထောင်ချီ လာဘ်ယူသည် ဟုဆိုကာ ဖမ်းဆီး တရားစွဲဆို ခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်း စာရေး ဦးမြင့်ဇော်ထွေး၏ သုံးကြိမ်မြောက် ရုံးချိန်းတွင် တရားလိုဖြစ်သူ ဒေါ်သိန်းသိန်းနိုင်အား စစ်ဆေးခဲ့ရာ မိမိ ဝယ်ယူခဲ့သည့် မြေကွက် တစ်ခုမှာ ငွေကျပ်သိန်း ၅၀၀၀ ဖြစ်ကြောင်း စာချုပ် ချုပ်ဆိုချိန်တွင် ငွေကျပ် သိန်းငါးဆယ်ဖြင့် ချုပ်ဆိုခဲ့ခြင်းကြောင့် ငွေကြေးပမာဏများစွာ ကွာခြားနေကြောင်း ထွက်ဆိုခဲ့ပြီး ယင်းသို့ဖြစ်စဉ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချုပ်ဆိုနေသည်ဟု ပြောလို့ရပါကြောင်း ထွက်ဆိုခဲ့ သည်။ယင်းနောက် စွပ်စွဲခံရသူ၏ ရှေ့နေမှ ပြန်လည် မေးမြန်းရာ စွပ်စွဲခံရသူသည် ဌာနအတွက် ရယူခဲ့သည့် ငွေကြေးအား မည်သည့် နေ့ရက်၊ မည်သည့် အချိန်တွင် ပေးပါမည်ဟု ကတိပြုစာချုပ် ချုပ်ဆိုထားခြင်း ရှိပါသလားဟု မေးမြန်းရာ ယင်းကဲ့သို့ စာချုပ်ချုပ်ဆိုထားခြင်း မရှိဘဲ စွပ်စွဲခံရသူမှာ ကျန်းမာရေး ချို့ယွင်းနေပြီး တင်ပါးစုံ အစားထိုး ကုသမှု ခံယူထားရခြင်း၊ ဝမ်းဗိုက် ခွဲစိတ်မှု ခံယူထားရခြင်း၊ သွေးတိုးနှင့် ဆီးချို ဝေဒနာ ရှိခြင်းတို့မှာ စွပ်စွဲခံထားရသူ၏ ပြောဆိုချက်အရ သိရှိထားပါကြောင်းဖြင့် ရုံးတော်သို့ ထွက်ဆိုခဲ့ကြောင်း အဆိုပါ အမှုစစ်ဆေးမှုအား သွားရောက် နားထောင်ခဲ့သူများထံမှ သိရသည်။“ဒီနေ့ကတော့ တရားလိုဖြစ်သူကို စစ်ဆေးပါတယ်။ ကျွန်တော် နောက်ရုံးချိန်းမှာတော့ အာမခံရရှိဖို့ လျှောက်ထားသွားမှာပါ။ ကျွန်တော့် အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီး ပြည်တွင်း အခွန်ဦးစီးဌာနက ဒုတိုင်းဦးစီးမှူး ဦးတင်ထွေးက နိုဝင်ဘာ ၃၀ ရက်ထုတ် မန္တလေးနေ့စဉ် သတင်းစာနဲ့ အင်တာဗျူး လုပ်ထားတာကို ကျွန်တော် ဖတ်လိုက်ရတယ်။ သူပြောထားတာတွေက အများကြီးကို လွဲနေတယ်။ သူတို့ အခုချိန်ထိလိမ်နေကြတုန်းပဲ။ အဲဒီလို အင်တာဗျူး ဖြေလိုက်တာက ကျွန်တော့်မိသားစု ဂုဏ်သိက္ခာပါ အများကြီး ထိခိုက်သွားတယ်။ သူတို့ မန္တလေး နေ့စဉ်သတင်းစာမှာ ဖြေထားတာတွေက မှားနေတယ်။ ကျွန်တော်က အထဲမှာ ရောက်နေတော့ ချက်ချင်း ကျွန်တော် မဖြေရှင်းနိုင်ဘူး။ ကျွန်တော် လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကို တိုင်ထားတာ စစ်တော့စစ်တယ်။ သူတို့ ဒီကိစ္စတွေကို မသိပါဘူးဆိုပြီး ဌာနက ဘာကြောင့် ဆက်ပြီးတော့ ဒီကိစ္စကို မစစ်ရဲတာလဲ။ ကျွန်တော် ဖော်ထုတ်တဲ့ ကိစ္စမှာ နောက်ကွယ်က ကိစ္စကို ဘာကြောင့် ဖုံးကွယ်ထားချင် ရတာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်။ စစ်ရမယ့် ဒီအီး တစ်ယောက်ကို ဘာကြောင့် မစစ်ဆေး ရတာလဲဆိုတာ သိချင်တယ်။ ဦးတင်ထွေး ပြောထားတာက ဒီကိစ္စ ဖြစ်တာကို ကျွန်တော်တို့ မသိပါဘူး တရားစွဲဆိုမှ သိတာပါလို့ဖြေ တာ သူသိတာကို ဘာလို့ မသိဘူးဆိုပြီး လိမ်တာလဲ။ သူတို့က ခုချိန်ထိ လိမ်နေဆဲပဲ။ သူတို့ကို သူတို့ပဲ ကာကွယ်နေတာ။ သူတို့မှားနေလို့မို့ ကျွန်တော့် အနေနဲ့ လာဘ်ပေးလာဘ်ယူကို တိုက်ရိုက် တိုင်ထားတာ။ သူပြောသလို ကျွန်တော့်ဖြစ်စဉ်က ဌာနနဲ့ မဆိုင်ဘူးဆိုရင် အရင်လူ လုပ်သွားတာကို နောက်လူကို လွှဲချလို့ မရဘူး။ တကယ်ဆိုရင် ကျွန်တော်တို့ ဝန်ထမ်းတွေမှာက အရင်လူ လုပ်ခဲ့တာကို နောက်လူက တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ မဆိုင်ပါဘူးဆိုပြီး ငြင်းလို့ မရဘူး။ အဲဒီလိုဖြေရှင်းပေးရမှာက နိုင်ငံ့ဝန်ထမ်းတိုင်းမှာ တာဝန်ရှိတယ်” ဟု ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည် ဟုဆိုကာ ဖမ်းဆီး တရားစွဲဆို ခံထားရသည့် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း စာရေး ဦးမြင့်ဇော်ထွေးက ချမ်းအေးသာစံမြို့နယ် တရားရုံး၌ ရုံးထုတ်စဉ်တွင် ပြောကြားခဲ့သည်။ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်အတွင်းက ချမ်းအေးသာစံမြို့နယ်ရှိ မြေကွက် အရောင်းအဝယ်အတွက် ကာလတန်ဖိုးဖြတ်ရန် ငွေကျပ်သိန်း ၁၂၅၀ ဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့သော်လည်း အမှန်တကယ် တန်ဖိုးဖြတ်ခဲ့သည်မှာ ညှိနှိုင်းမှုထက် နှစ်ဆစည်းကြပ်ခဲ့သဖြင့် အခွန်ထမ်းဖြစ်သူမှ မကျေနပ်၍ ယင်းငွေများကို ပြန်လည် တောင်းယူခဲ့ရာတွင် မပေးနိုင်ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့် စတင် အမှုဖွင့်ခဲ့ပြီးနောက် ဥပဒေရုံး၏ အကြံပေးချက်အရ ပြစ်မှုကြီးအဖြစ် သတ်မှတ်ကာ ပုဒ်မ ၄၀၆ သို့ ပြောင်းလဲ တရားစွဲဆိုခဲ့ကြောင်း ဖြစ်စဉ်မှတ်တမ်းများအရ စုံစမ်းသိရသည်။ ယင်းသို့ တရားစွဲဆိုခံရမှုအား နိုဝင်ဘာ ၁၃ ရက်က ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စတင် တရားစွဲဆိုခဲ့ရာ စွပ်စွဲခံရသူမှာ ကျန်းမာရေး ချို့ယွင်းနေခြင်းကြောင့် အာမခံ လျှောက်ထားခဲ့သော်လည်း အာမခံ မရရှိဘဲ မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။အိမ်ခြံမြေ တန်ဖိုးဖြတ်ရာတွင် ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည် ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဖြင့် ဖမ်းဆီး တရားစွဲဆို ခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေး၏ အမှုအား ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် တရားရုံး၌ တရားလိုဖြစ်သူအား စတင်စစ်ဆေးခဲ့ပြီး အမှုအား ဒီဇင်ဘာ ၁၇ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် တရားလိုပြ သက်သေအား စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent