EMG ၏ CEO တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူ နှစ်ဦးကို ၁၀ ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေအား ဆက်လက်စစ်ဆေး၊ အဓိက ကျူးလွန်ရာတွင် ပါဝင်သည့် စရဖမှ သန်းထိုက်အောင်အား ဖမ်းဆီးရမိခြင်း ရှိ မရှိနှင့် ပတ်သက်၍ တပ်မတော်က ယနေ့အထိ အကြောင်းမပြန်သေး

EMG ၏ CEO တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူ နှစ်ဦးကို ၁၀ ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေအား ဆက်လက်စစ်ဆေး၊ အဓိက ကျူးလွန်ရာတွင် ပါဝင်သည့် စရဖမှ သန်းထိုက်အောင်အား ဖမ်းဆီးရမိခြင်း ရှိ မရှိနှင့် ပတ်သက်၍ တပ်မတော်က ယနေ့အထိ အကြောင်းမပြန်သေး
Published 27 November 2015

EMG ၏ CEO တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူ နှစ်ဦးကို ၁၀ ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုပြ သက်သေအား ဆက်လက်စစ်ဆေး၊ အဓိက ကျူးလွန်ရာတွင် ပါဝင်သည့် စရဖမှ သန်းထိုက်အောင်အား ဖမ်းဆီးရမိခြင်း ရှိ မရှိနှင့် ပတ်သက်၍ တပ်မတော်က ယနေ့အထိ အကြောင်းမပြန်သေးကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ပြောကြားEleven Media Group ၏ CEO တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူ နှစ်ဦးအား ၁၀ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေအား ဆက်လက် စစ်ဆေးခဲ့ကာ အဓိက ကျူးလွန်ရာတွင် ပါဝင်သည့် စရဖမှ သန်းထိုက်အောင်အား ဖမ်းဆီးရမိခြင်း ရှိ မရှိနှင့် ပတ်သက်၍ ယခုအထိ အကြောင်း မပြန်သေးကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်က နိုဝင်ဘာ ၂၇ ရက်က ပြောကြားသည်။EMG ၏ CEO တိုက်ခိုက်ခံရမှု၌ ပါဝင်မှုဖြင့် ဖမ်းဆီးထားသော အမျိုးသားနှစ်ဦးအား ဗဟန်းမြို့နယ် တရားရုံးတွင် နိုဝင်ဘာ ၂၇  ရက်က (၁၀) ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ ဌာနမှ ရဲအုပ် မောင်မောင်သန်းအား စစ်ဆေးခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ သိရသည်။ကျူးလွန်သူ နှစ်ဦးဘက်မှ ရှေနေ့များက တရားလိုပြသက်သေ ၁၄ ဦးထဲမှ တစ်ဦးဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ ဌာနမှ ရဲအုပ်မောင်မောင်သန်းအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပြီး ဗဟန်းမြို့နယ် တရားသူကြီးက လာမည့်ရုံးချိန်းကို ဒီဇင်ဘာ  ၁၀ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။ဒေါက်တာ သန်းထွဋ်အောင် တိုက်ခိုက်ခံရမှုတွင် တတိယ ပါဝင်သူအဖြစ် ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ အမှတ် (၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ် (ရန်ကုန်) မှ သန်းထိုက်အောင် ဖြစ်ကြောင်း သိရပြီး ယင်းနှင့်ပတ်သက်၍ အဆိုပါ စစ်တပ်မှသာ တာဝန်ယူ ဖမ်းဆီးစစ်ဆေးမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ် တရားရုံးသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။“သန်းထိုက်အောင် ဖမ်းဆီးရရှိခြင်း ရှိ မရှိနဲ့ ပတ်သက်ပြီးတော့ တပ်ဘက်ကနေ ယနေ့အထိ အကြောင်းပြန်ခြင်း မရှိသေးပါဘူး” ဟု ဗဟန်းမြို့မ ရဲစခန်းမှ ရဲမှူးခင်မောင်ကြည်က နိုဝင်ဘာ ၂၇ ရက်က ပြောကြားသည်။             ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီ ဝန်းကျင်က ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်း၊ မင်းလမ်း မှတ်တိုင်အနီး ဖြစ်ပွားခဲ့သော Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာ သန်းထွဋ်အောင်အား အမျိုးသား ငါးဦးပါဝင်သော အဖွဲ့မှ ကုန်းသီးဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင် ၁၄ ရက် ညပိုင်းနှင့် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတို့တွင် ကျူးလွန်ရာ၌ ပါဝင်သော မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနှင့် ရန်နိုင် (ခေါ်) တီကောင် တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ယင်းနောက် အမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိဘဲ ကျူးလွန်ရာတွင် ပါဝင်သော အခြားသူများကိုလည်း ထပ်မံ ဖမ်းဆီး ရမိခြင်း မရှိတော့ဘဲ ဇူလိုင် ၁၈ ရက်နှင့် ဇူလိုင် ၂၀ ရက်တို့တွင် Eleven Media Group အနေဖြင့် စုံစမ်းသိရှိရသော အချက်အလက်များအရ ကျူးလွန်ရာတွင် သန်းထိုက်အောင် ပါကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့ရသည်။ယင်းနှင့် ပတ်သက်၍  သြဂုတ် ၁၁ ရက်က အမှုအား ဒုတိယအကြိမ် ရုံးထုတ်ခဲ့ရာတွင် CEO ဒေါက်တာ သန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် တတိယ တရားခံဖြစ်သူ သန်းထိုက်အောင်မှာ အမှတ် (၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ် (ရန်ကုန်) မှ ဖြစ်ကြောင်း တရားသူကြီးက ပြောကြားသည်။ထို့ပြင် သန်းထိုက်အောင်ကို  ဖမ်းဆီးရမိရေးနှင့် စစ်ဆေးခြင်းကို စစ်တရားရုံးက ဆက်လက် ဆောင်ရွက်မည် ဖြစ်သည်ကို တပ်မတော်မှ တရားရုံးသို့ အကြောင်းပြန်စာ ပေးပို့ ခဲ့ကြောင်း သိရသည်။                     
ဗဟန်းမြို့နယ်တရားရုံးတွင် ဖမ်းဆီးရမိထားသူ နှစ်ဦးအား ပြစ်မှုကြီးအမှတ် ၃၅၄/၁၅၊ ပုဒ်မ ၄၄၀/၁၁၄ ဖြင့် အမှုဖွင့် ရမန်ယူထားခြင်းဖြစ်ပြီး  ဇူလိုင် ၂၈ ရက်တွင် စတင် ရုံးထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။“ဒီအမှုဖြစ်တာ အခုဆိုရင် အချိန်ငါးလနီးပါး ရှိပါပြီ။ အခုအထိလည်း အသက်အန္တရာယ် စိုးရိမ်စရာရှိတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ လွတ်လွတ်လပ်လပ် သွားလာခွင့် မရပါဘူး။ လုံခြုံရေး သတိနဲ့ extra care လုပ်နေရတုန်းပါ။ ဒီကြားထဲ ပြန်ကြားရေးက တရားစွဲထားတာကို အကြောင်းပြပြီး CEO ဒေါက်တာ သန်းထွဋ်အောင် တစ်ယောက်တည်းကိုပဲ ပြည်ပ ထွက်ခွာခွင့် ပိတ်ထားသေးတယ်။ ဒီလို အခြေအနေမျိုးမှာ ကျူးလွန်ရာမှာ ပါဝင်တဲ့ တက္ကဆီ ယာဉ်မောင်းနဲ့ ကားပေါ်မှာ ထိုင်နေတဲ့ တစ်ဦးကိုပဲ ဖမ်းမိထားပြီး တရားရုံးတင် အမှုစစ်နေတဲ့ အနေအထားပါ။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ အဓိက ကျူးလွန်သူအဖြစ် ပါဝင်တဲ့  စရဖက သန်းထိုက်အောင်နဲ့ နောက်ထပ် ကျူးလွန်သူ နှစ်ဦးကို အခုထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။  တကယ်လို့ နောက်တစ်ကြိမ် ဒီလို အသက်အန္တရာယ် လုပ်ကြံတိုက်ခိုက်မှုမျိုး ပေါ်ပေါက်လာမယ် ဆိုရင်တော့ ဒီကျူးလွန်သူတွေကို ဖော်ထုတ်ပေးရမယ့် အဖွဲ့အစည်းနဲ့ တာဝန်ရှိသူတွေရဲ့ တာဝန်ပဲလို့ ပြောရမှာပါ။ စရဖ ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်မှုရှိတဲ့ တပ်မတော် အဖွဲ့အစည်း တစ်ခုပါ။ ဒါကြောင့် တပ်မတော်မှာရော ပြည်ထဲရေးမှာပါ တာဝန် ရှိပါတယ်။ အဓိက ကျူးလွန်ရာမှာပါတဲ့ သန်းထိုက်အောင်ဟာ စရဖက ဖြစ်လို့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးမှာလည်း တာဝန် ရှိပါတယ်။ အခုနောက်ပိုင်းမှာ တပ်မတော်သားအချို့ အရပ်ဘက် ပြစ်မှုကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူ အပြစ်ပေးနေတာတွေလည်း တွေ့နေရပါပြီ။ သက်ငယ် မုဒိမ်းမှု ကျူးလွန်တဲ့ တပ်မတော်သား တချို့ကို စစ်ခုံရုံးကနေ ထောင်ဒဏ် ချမှတ်တာတွေ ရှိပါတယ်။ ပြစ်ဒဏ် အချို့က ကျူးလွန်တာနဲ့စာရင် နည်းပါးတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ အရပ်ဘက် တရားရုံးတွေကို ဆက်လက် တရားစွဲဆို အရေးယူနိုင်အောင် လွှဲပေးတာတွေ တွေ့နေရတဲ့အတွက် သက်ဆိုင်ရာ အရပ်ဘက် တရားရုံးတွေက ပြစ်မှုအလိုက် ပြစ်ဒဏ် စီရင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှုတွေအတွက် ကြိုဆိုရမှာပါ။ ဘာပဲဖြစ်ဖြစ် လုံခြုံမှုအတွက် စိုးရိမ်စရာရှိတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ လုံခြုံရေးကိုတော့ ဒီလောက် လက်လွတ်စပယ် မလုပ်သင့်ပါဘူး။ ဒီအမှုနဲ့ ပတ်သက်ပြီး စရဖက သန်းထိုက်အောင် ကိစ္စကို အခုအထိ အကြောင်းမကြားတာတွေ သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအတိုင်း မလုပ်တာတွေကတော့ မဖြစ်သင့်ဘူး” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

Most Read

Most Recent