မေး- ဒီရှေးဟောင်း သုတေသနဌာနမှာ တာဝန်ယူထားတဲ့အပိုင်းကို ပြောပြပေးပါ
ဖြေ- ဦးသန်းဇော်ဦး ညွှန်ကြားရေးမှူး (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်း)
မေး - သရေခေတ္တရာ မြို့ဟောင်းရဲ့ သမိုင်းအကျဉ်းကို ပြောပြပေးပါ။
ဖြေ - သမိုင်းအနေနဲ့ ပတ်သက်ရင် နှစ်မျိုးရှိပါတယ်။ မှန်နန်းရာဇဝင် ဒေသဆိုင်ရာ ရာဇဝင်အနေနဲ့ စာပေမှတ်တမ်း အထောက်အထား အနေနဲ့ရှိတယ်။ နောက်တစ်ခုက ရှေးဟောင်း သုတေသနဆိုင်ရာ လေ့လာမှုသမိုင်းကတော့ လွန်ခဲ့တဲ့အနှစ် ၁၀၀ ကစပြီးတော့ ကွင်းဆင်းလေ့လာမှု တူးဖော်သုတေသနပြုမှု ရရှိတဲ့ အထောက်အထားတွေ ထိန်းသိမ်းခြင်း စာပေကျောက်စာ အထောက်အထားတွေနဲ့ဆက်စပ်ပြီး လေ့လာစူးစမ်းမှုတွေကို ရှေးဟောင်းသုတေသနက လုပ်ပါတယ်။ ကိုလိုနီခေတ်ကတည်းက စတင်လာခဲ့တာဟာ ၁၉၆၂ - ၁၉၆၃ ကနေ ယနေ့ခေတ်အထိ ကုန်းပေါင်း ၅၆ ခု တူးဖော်သုတေသန ပြုပါတယ်။ ဒါတွေကိုဆက်စပ် ကြည့်မယ်ဆိုရင် ဒီသရေခေတ္တရာ မြို့ဟောင်းက လွန်ခဲ့တဲ့ ၉ ရာစု၊ ၁၀ ရာစု ပတ်ဝန်းကျင်လောက်အထိ ရှင်သန်တည်ရှိခဲ့တယ်လို့ ပြောပြနိုင်ပါတယ်။
မေး - သရေခေတ္တရာ မြို့ဟောင်းရဲ့ တည်နေရာ အဆောက်အအုံ ဗိသုကာပုံစံ ထူးခြားမှုကိုလည်း ပြောပြပေးပါ။
ဖြေ - လက်ရှိသရေခေတ္တရာ မြို့ဟောင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသနဲ့မြန်မာပြည်အလယ်ပိုင်း မြေနိမ့်မြစ်ဝှမ်းလွင်ပြင် ဒေသရဲ့ ဆက်စပ်ဧရိယာမှာ တည်ရှိပြီးတော့ နဝင်းလွင်ပြင်မှာ တည်ရှိပါတယ်။ အနောက်ဘက် ငါးမိုင်မှာ ဧရာဝတီမြစ် တည်ရှိပါတယ်။ မြို့ဟောင်းရဲ့ဘေးမှာ မြင်ဗာဟုတောင်တန်း၊ ပဲခူးရိုးမတောင်တန်း။ ဆိုလိုတာက တောင်တန်းတွေ၊ မြစ်တွေ လွင်ပြင်တွေမှာ တည်ရှိပါတယ်။ ရှေးခေတ်မြို့ဟောင်းတွေ တည်ဆောက်တဲ့အခါမှာ စိုက်ပျိုးရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးပေါ်မှာ မူတည်ပြီး တည်ဆောက်ကြသလို သင်္ကေတအုပ်ချုပ်မှု အနေနဲ့ပါဝါအာဏာ သင်္ကေတနဲ့ တည်တဲ့ အခါမှာ ဒီမြို့ရဲ့ ဖွဲ့တည်မှုက ဒီနှစ်ခုလုံးနဲ့ ဆက်စပ်နေပါတယ်။
မေး - သရေခေတ္တရာ မြို့ဟောင်းက ဘယ်လိုအချက်တွေနဲ့ ပြည့်စုံလို့ရှေးဟောင်းအမွေအနှစ်စာရင်း ဝင်တယ် ဆိုတာ ရှင်းပြပေးပါ။
ဖြေ - ဒီမြို့ဟောင်းမှာ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အထောက်အထားတွေနဲ့ ပတ်သက်ရင် ဘာသာရေးဆိုင်ရာ အထောက်အထားတွေ ရှိတယ်။ လူမှုအဖွဲ့အစည်းဆိုင်ရာ အထောက်အထားတွေရှိတယ်။ ဘာသာရေးအပြင် အခြားကိုးကွယ် ယုံကြည်မှု ထုံးတမ်းဓလေ့ဆိုင်ရာ အထောက်အထားတွေ ရှိတယ်။ ၁၉၀၅ ခုနှစ်ကစပြီး စနစ်တကျတူးဖော်မှု နောက်ပိုင်းမှာရလာတဲ့ တူးဖော်တွေ့ရှိချက် အထောက်ထားတွေ ဥပမာ - ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ကျောက်၊ ရွှေပေလွှာချပ်၊ စာပေဆိုင်ရာ အထောက်အထား ရွှေ့ပြောင်းလို့ရတဲ့ ဝတ္ထုပစ္စည်း အမျိုးမျိုးကိုလည်း တွေ့ရတယ်။ ကျောက်၊ အုတ်၊ သံတို့နဲ့ပြုလုပ်တဲ့ အဆောက်အအုံတွေလည်း တွေ့ရတယ်။ များစွာသော ယဉ်ကျေးမှု အထောက်အထားတွေ ဥပမာ- ဘုရားနဲ့ ကန်နဲ့ တွဲဆက်နေတာ လယ်ကွင်းပြင်နဲ့ တူးဖော်မှု ကုန်းထိစပ်နေတာ မြို့ရိုးနဲ့ ကျုံးထိစပ်နေတာ ဒီလိုမျိုးတွေက မြို့ဟောင်းရဲ့ အထင်ကရ အရေးပါတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဒါတွေအားလုံးဟာ ပျူယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်ပါတယ်။
ဒီအမွေအနှစ်တွေထဲကမှ ကမ္ဘာအမွေအနှစ် စာရင်းဝင်ဖြစ်ဖို့အတွက်က အခြေခံအားဖြင့် အချက်ခြောက်ချက်နဲ့ ကိုက်ညီရပါမယ်။ အဲဒီအချက်တွေက (In fact, the site of World Cultural Heritage must be met with Criteria which is expressed the Outstanding Universal Value. For the cultural heritage site, it has six criteria (Criteria (i) Masterpieces; Criteria (ii) Cultural Interchange; Criteria (iii) Testimony;Criteria (iv) Typology; Criteria (v) Association and Criteria (vi) Living Tradition တို့ဖြစ်ပါတယ်။ အဲဒီအချက်ထဲကမှ Pyu Ancient Cities have been identified the Criteria (ii), (iii) and (iv). So, Pyu Ancient City of Sri Ksetra has also collected and identified as Cultural Interchange (ii), Testimony (iii) and Typology (iv). ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ အတွက် ပျူမြို့ဟောင်း၊ သရေခေတ္တရာ မြို့ဟောင်းဟာ သတ်မှတ်ထားတဲ့ အချက်တွေ အထောက်အထားတွေ ဖော်ထုတ်တင်ပြ ထားနိုင်တဲ့အတွက် ကမ္ဘာစာရင်းဝင် အမွေအနှစ်အဖြစ် ရရှိခဲ့ပါတယ်။
ပျူမြို့ဟောင်း မြင်ကွင်းတစ်ခု
မေး - ဟုတ်ကဲ့ပါဆရာ။ ဆွေတော်၊ မျိုးတော် အရိုးအိုးတွေကိုလည်း ဘယ်လိုထိန်းသိမ်း စောင့်ရှောက်မယ် ဆိုတာကို ရှင်းပြပေးပါဆရာ။
ဖြေ - ပထမဆုံး အရိုးအိုးနဲ့ပတ်သက်တာ ရှင်းပြချင်ပါတယ်။ ဒီအရိုးအိုးဟာ မြှုပ်နှံမှုဓလေ့၊ သေဆုံးမှုဓလေ့၊ လူတွေသေဆုံးတဲ့ အခါမှာ သေမှုဓလေ့ထုံးစံ ဟန်လင်း၊ ဗိဿနိုး၊ သရေ ခေတ္တရာ ဒီမြို့ဟောင်းသုံးခုမှာ အထင်ကရ ရှိတဲ့အချက်က လူတွေသေဆုံး သွားတဲ့အခါမှာ မီးရှို့၊ အရိုးပြာချပြီး ရလာတဲ့ အရိုးကို အိုးထဲထည့်မြှုပ်တဲ့ ဓလေ့ဟာ မြို့ဟောင်းသုံးမြို့လုံးမှာ တွေ့ရပါတယ်။ အခြားမြို့ဟောင်းတွေမှာ မြေအိုးနဲ့တွေ့ရပြီး သရေခေတ္တရာ မြို့ဟောင်းမှာတော့ ကျောက်အရိုးအိုး။ ဒါ့အပြင် ဒီအရိုးအိုးတွေမှာ ပျူစာတွေပါ တွေ့ရပါတယ်။ ပျူခေတ္တ ပျူယဉ်ကျေးမှုမှာ အရေးပါတဲ့ အချက်ကတော့ ကိုးကွယ်ယုံကြည်မှုအပြင် ဘာသာစာပေ ရှိပါတယ်။ ပုံမှန်အားဖြင့် ကျောက်အရိုးအိုးနဲ့ မြှုပ်ရင် အဆင့်မြင့်တယ်။ ဘုရင်နဲ့ပတ်သက်တဲ့ ဆွေတော် မျိုးတော်တွေ ဖြစ်တယ်။ ဒါ့အပြင် စာပေရေးသားထားတဲ့ အတွက်ကြောင့် ဒီစာတွေက ပျူစာတွေ ဖြစ်တဲ့အတွက် ယနေ့အထိကို ဖော်ထုတ်လို့ မရသေးပါဘူး။ အက္ခရာပဲ ဖလှယ်နိုင်ပါတယ်။ ဘာသာပြန်ဖို့တွေ ကျန်နေပါသေးတယ်။ အခုခါမှာ ထိန်းသိမ်းမှုလုပ်ငန်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဌာနရော ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အီတလီနိုင်ငံ (Lerici Foundation) (ယူနက်စကို အဖွဲ့)က ကြီးကြပ်ပြီး ထိန်းသိမ်းမှုတွေ လုပ်ပါတယ်။ အရေးကြီးဆုံး အချက်က ဒီကျောက်အရိုးအိုးတွေဟာ သက်ဆိုင်ရာ ပျူယဉ်ကျေးမှုရဲ ့ခရိုက်တေးရီးရမ်း (၂)ဖြစ်တဲ့ ဗုဒ္ဓဘာသာမှ ပျူမြို့ပြယဉ်ကျေးမှုကို ထွန်းကားလာတဲ့ အရေးကြီးတဲ့ အထောက်အထားက ကျောက်အရိုးအိုးမှာ ထွင်းထုထားတဲ့စာပေက အထင်ကရ အထောက်အထားတွေ ဖြစ်လို့ပါပဲ။
မေး - ဒီမြို့ဟောင်းရဲ့ အနီးနားမှာ ရွာတွေရှိတယ်။ လူတွေလည်းနေကြတော့ ဒီမြို့ဟောင်းတွေကို ထိန်းသိမ်းဖို့ ဘယ်လိုတွေ စီစဉ်ထားလဲဆရာ။
ဖြေ - ပျူမြို့ဟောင်းသုံးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရဖို့အတွက် (jomination Dossier) ဆိုပြီး စာတွဲရေး ရပါတယ်။ ဒီလိုရေးတဲ့ အခါမှာ ပြည်တွင်းပြည်ပ ယူနက်စကိုကပါ ပူးပေါင်းပြီး စာရေးပါတယ်။ Plan ရေးဆွဲရပါတယ်။ ၂၀၁၃ မှ၂၀၁၈ ခုနှစ်အထိ ငါးနှစ်စီမံကိန်း တစ်နှစ်ချင်းစီ အကောင်အထည် ဖော်ပါတယ်။ လက်ရှိမြို့ဟောင်းမှာ ဇုန်နှစ်ဇုန် ရှိပါတယ်။ တစ်ခုက အဆိုပြုစာရင်း (jominated Property Area) အခုကျတော့ ကမ္ဘာအမွေနှစ်စာရင်း (Inscribed Area_ Property Area) ဖြစ်သွားပြီ။ ဒေသရဲ့ ကြားခံဧရိယာ (BufferZone) ဒီလိုတင်လိုက်တဲ့ အတွက်ကြောင့် ဒီလိုကြားခံ အတွင်းမှာ နေတဲ့လူတွေ ဒုက္ခမရောက်စေရဘူး။ အနှောင့်အယှက် မဖြစ်စေရဘူး။ သူတို့နဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာကို ရည်ရွယ်ချက် လေးခုနဲ့လုပ်ပါတယ်။ ပထမဆုံး ရည်ရွယ်ချက်ကတော့ ယဉ်ကျေးမှု အမွေအနှစ်ကို ကာကွယ်ထိန်းသိမ်းဖို့၊ ဒီလက်ရှိယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာတွေကို ဘယ်လောက်အထိ ပျံ့နှံ့သိရှိအောင် ဆောင်ရွက်မလဲ။ အလွှာပေါင်းစုံပေါ့။ သာမန်လူကော ပညာရှင်တွေကော ပြည်တွင်းရော ပြည်ပရော။ တတိယအချက်က ယဉ်ကျေးမှု အမွေနှစ် ကာကွယ်ထိန်းသိမ်းရင်း ဒေသခံ လူမှုအဖွဲ့အစည်းအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမယ်။ နောက်ဆုံးအချက်က ဒီအချက်သုံးချက်ကို ထောက်ပံ့ပေးတဲ့ ဥပဒေကြောင်းအရ ဘဏ္ဍာငွေအရ ပူးပေါင်းဆောင်ရွက်မှုအရ ဆောင်ရွက်တာ ဖြစ်တယ်။ အခု ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆောင်ရွက်တဲ့ အခါမှာတော့ အရေးကြီးတဲ့အဖွဲ့က (Pyu Ancient Cities Coordi-nation Committee_ PYUCOM) က အမျိုးသားအဆင့်ဆို ဒုဝန်ကြီး ဦးဆောင်တယ်။ သက်ဆိုင်ရာဆိုက် (Site Level) ပေါ့။ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ အားလုံးမှာ ခရိုင်အုပ်ချုပ်ရေးမှူး ခေါင်းဆောင် ကျွန်တော်တို့ဆီမှာ ဆိုက်မန်နေဂျာ အနေနဲ့ ဒုတိယညွှန်ကြားရေးမှူးက အတွင်းရေးမှူး အနေနဲ့ ပါဝင်ပြီးတော့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းပြီး ယဉ်ကျေးမှု အမွေအနှစ်အပြင် သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေး ကျေးလက်ဖွံ့ဖြိုးရေး၊ လယ်ယာစိုက်ပျိုးရေးစတဲ့ အခန်းကဏ္ဍ အားလုံး ပါလာတယ်။ ယဉ်ကျေးမှု အမွေအနှစ်လည်း မပျက်စီးအောင် ဒေသလူမှုအဖွဲ့လည်း တိုးတက်အောင် မျှပြီးလုပ်ရတယ်။ ဥပမာ-ဒေသလူမှု အဖွဲ့စည်းအတွက် (Mechanized Farming) တွေ လုပ်လိုက်ရင် ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးမယ်။ (Destroyed the ancient field system, the ancient crop mark, the ancient hydraulic system and water management) ဒီဒေသဆိုရင် အနည်းဆုံး နှစ်သီးရတယ်။ အခုဆိုရင် ကျွန်တော်တို့က ဘယ်လိုပံ့ပိုးရမလဲ၊ သူတို့နဲ့ပတ်သက်ပြီး တစ်ရွာနဲ့ တစ်ရွာ သွားတဲ့လမ်းမျိုးတွေ အဲဒီလိုလုပ်တဲ့ အခါမှာ တစ်ခါတစ်လေ Development Pressure ကြောင့် ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်မှာလည်း ကျွန်တော်တို့က သတိထားရတယ်။ အရေးကြီးဆုံး အချက်က ကျွန်တော်တို့က Pyu Heritage Trust ဆိုတဲ့ အဖွဲ့လည်း ဖွဲ့စည်းထားပါတယ်။ အဲဒီအဖွဲ့ကလည်း ဒီ Government Institution ချိတ်ဆက်တဲ့ အခါမှာလည်း အရေးပါတဲ့ အဖွဲ့အစည်း တစ်ရပ်ဖြစ်တယ်။ တချို့ဟာတွေမှာ လိုအပ်ချက်တွေ ရှိပါလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့ကို ဖြည့်စွက်အကြံပြု တိုက်တွန်းပါလို့ တစ်ခါတည်း ပြောကြားလိုပါတယ်။
မေး - သရေခေတ္တရာ မြို့ဟောင်းနဲ့ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ ပြည်သူတွေကို ဘာများဖြည့်စွက် ပြောကြား ချင်ပါသလဲဆရာ။
ဖြေ - ယဉ်ကျေးမှု အမွေအနှစ်ဆိုတာ အသစ်ပြန်လုပ်လို့ မရတဲ့အရာပါ။ လက်ရှိကြုံတွေ့နေရတဲ့ အခြေခံ လိုအပ်ချက်ပေါ် မူတည်ပြီး ဆုံးဖြတ်ကြပါတယ်။ ဒါပေမဲ့ လူမှုအဖွဲ့အစည်း ယဉ်ကျေးမှုဟာ သမိုင်းပါ။ တစ်ခါတလေမှာ အခြေခံလိုအပ်ချက်နဲ့ ယဉ်ကျေးမှု အမွေအနှစ်ဟာ သဟဇာတ မဖြစ်တာလေးတွေ ရှိတယ်။ ကျွန်တော်တို့ စလုပ်ကတည်းက ၂၀၁၂ ခုနှစ်ကနေ အခုထက်ထိ ယဉ်ကျေးမှု အမွေအနှစ်ကနေ လူမှုစီးပွား ဘဝအတွက် အခြေခံကောင်းတွေဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆက်စပ်ပညာရှင်တွေနဲ့ ဆောင်ရွက်ပါတယ်။ အားလုံးအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးဖို့ အကြံပြု ပြောကြားချင်ပါတယ်။