လွတ်လပ်ပြီး တရားမျှတမှုသည့် ရွေးကောက်ပွဲဖြစ်ရန် ယုံကြည်မှုအပြည့်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လွတ်လပ်ပြီး တရားမျှတမှုသည့် ရွေးကောက်ပွဲဖြစ်ရန် ယုံကြည်မှုအပြည့်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 12 July 2015

၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ယုံကြည်မှုအပြည့်မရှိဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ သူမ၏နေအိမ်၌ ဇူလိုင် ၁၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ “လာမယ့်ရွေးကောက်ပွဲကFree and Fair ဖြစ်မယ်လို့ အန်တီ ယုံကြည်မှုအပြည့်ရှိပါသလား”ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
 
အဆိုပါမေးခွန်းပတ်သက်၍ “အပြည့်တော့ မရှိဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။
 
“အခု ပထမဦးဆုံး စိုးရိမ်ရတဲ့ကိစ္စကတော့ မဲဆန္ဒရှင်စာရင်းတွေပေါ့။ အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့ NLD ကနေပြီး တော့ ဧပြီ မတိုင်ခင်ကတည်းကစပြီးတော့ မဲဆန္ဒရှင်တွေနဲ့ ပတ်သက်လို့ စိစစ်ခဲ့ပါတယ်။စိစစ်တဲ့အခါမှာ အမှားတွေ သိပ်များတယ်ဆို တာတွေ့ခဲ့ပါတယ်။ ကျွန်မတို့ ရာခိုင်နှုန်း ၃၀ ကနေပြီးတော့ ရာခိုင်နှုန်း ၈၀ ကြားလို့ပြောပါတယ်။ပြောခဲ့တဲ့ဟာကို တချို့တွေက ဒီဟာကို ငြင်းပါတယ်။ဒီလောက် မမှားပါဘူးဆိုတာကို။ဒါပေမဲ့ ကျွန်မကို ပထမဆုံး စိစစ်ခဲ့တဲ့ မြို့နယ် ၁၀ မြို့နယ်စာရင်းတွေ ဘယ်လို စိစစ်ခဲ့လဲဆိုတာ ဒီနေ့ပဲတင်ပြလို့ ကျွန်မ ကြည့်လိုက်တဲ့အခါကြတော့ ၃၀ ရာ ခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ မှားတယ်လို့ပြောတာ မမှားဘူးလို့ ကျွန်မ ဒီလိုပဲမြင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
 

 

Most Read

Most Recent