မြန်မာ-တရုတ် ဆက်ဆံရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိခိုက်စေမည့် လုပ်ရပ်မျိုးကိုလုပ်ရန် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ တရုတ်ပိုင်နယ်မြေကို အသုံးပြုခွင့် ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei က တရုတ်နိုင်ငံ အနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေး ကိစ္စများကို ဝင်ရောက်မစွက်ဖက်ရေးမူကို အမြဲတမ်း လိုက်နာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အမြဲတမ်း လေးစားပါကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။မြန်မာနှင့် တရုတ်နိုင်ငံကြားရှိ နယ်စပ်ဒေသ တည်ငြိမ်ရေးသည် မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေများနှင့် ဆက်စပ်လျက်ရှိရာ နှစ်နိုင်ငံကြား နယ်စပ်ဒေသ လုံခြုံရေးစနစ်ကို မထိခိုက်စေရန် သက်ဆိုင်သူများ အနေဖြင့် အခြေအနေကို အေးချမ်းသွားစေရန်၊ ပဋိပက္ခ မကြီးထွားလာစေရန်အတွက် ထိန်းချုပ်ရန် တရုတ်နိုင်ငံ အနေဖြင့် ထပ်မံ တိုက်တွန်းပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့ပြင် မြန်မာနိုင်ငံရှိ တရုတ်အင်စတီကျူးရှင်းများနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံဘေးကင်းမှုကို အာမခံနိုင်ရန် လိုအပ်သည့် ဆောင်ရွက်မှုများကို မြန်မာအစိုးရ အနေဖြင့် လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လုံခြုံရေး အခြေအနေကြောင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာသည့် နယ်စပ်ဒေသနေ မြန်မာများအတွက် တရုတ်နိုင်ငံ အနေဖြင့် လိုအပ်သည့် အကူအညီ အထောက်အပံ့များကို ပံ့ပိုးပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပံ့ပိုးမှုများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်းနှင့် နယ်စပ်စီမံခန့်ခွဲမှုများ တိုးတက်စေရန် မြန်မာဘက်သို့ အကြံပြုမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။နယ်စပ်အား မပိတ်သေးသော်လည်း မြန်မာ-တရုတ် နယ်စပ်ဒေသ လက်ရှိအခြေအနေများကို သုံးသပ်၍ သက်ဆိုင်ရာ တရုတ်ဌာနများနှင့် ဒေသခံ အာဏာပိုင်များက နယ်စပ်ထိန်းချုပ်မှုအတွက် လိုအပ်သည့် အားဖြည့်ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လောက်ကိုင်ဒေသ တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား ရှစ်ဦး၏ ပြောကြားချက်များအရ လောက်ကိုင်ဒေသ တိုက်ပွဲများတွင် တရုတ်ကြေးစား စစ်သားများ ပါဝင်သည်မှာ မှန်ကန်သည်ဟု ထွက်ဆိုကြကြောင်း ရှင်းလင်းမှုအပြီးနောက် တရုတ်နိုင်ငံဘက်က ယခုကဲ့သို့ တုံ့ပြန်ချက် ထွက်လာခြင်းလည်း ဖြစ်သည်။လက်ရှိအနေအထားတွင် ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။
မြန်မာ-တရုတ် ဆက်ဆံရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိခိုက်စေမည့် လုပ်ရပ်မျိုးကို လုပ်ရန် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးကိုမျှ တရုတ်ပိုင်နယ်မြေကို အသုံးပြုခွင့်ပြုမည် မဟုတ်ကြောင်း တရုတ် ပြောကြား















