UEC ဥက္ကဋ္ဌနှင့် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော နိုင်ငံရေးပါတီ ခုနစ်ပါတီမှတာဝန်ရှိသူများ ရန်ကုန်မြို့တွင်တွေ့ဆုံ၍ ပါတီမှတ်ပုံတင်ဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေး

UEC ဥက္ကဋ္ဌနှင့် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော နိုင်ငံရေးပါတီ ခုနစ်ပါတီမှတာဝန်ရှိသူများ ရန်ကုန်မြို့တွင်တွေ့ဆုံ၍ ပါတီမှတ်ပုံတင်ဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေး
Published 22 July 2023

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော ပဲခူးတိုင်းဒေသကြီး နယ်မြေအခြေစိုက် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ အခြေစိုက် ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmers’ Development Party)၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်နှင့် ဧရာဝတီတိုင်းဒေသကြီးနယ်မြေ အခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP) တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ လွှတ်တော်အဆောက်အအုံရှိ ပုလဲခန်းမ၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ထုတ်ပြန်ထားရှိသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ဥပဒေအရ သတ်မှတ်ထားသည့်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း စုစည်းရမည့်ပါတီဝင်အင်အား ပြည့်မီအောင်စုဆောင်းရေးနှင့် ရက်ပေါင်း ၁၈၀ အတွင်း ဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ခွင့်ပြုချက်တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံးများ ဖွင့်လှစ်ပြီးပါက မြို့နယ်ပါတီရုံးဖွဲ့စည်းမှုများကို စနစ်တကျ ဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်၊ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ပါတီအလံနှင့် ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်သွားရန်၊ ပါတီ၏ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲဆောင်ရွက်သွားရန်၊ ပါတီဝင်များကိုင်ဆောင်ထားသည့် သုံးခေါက်ချိုးအမျိုးသားမှတ်ပုံတင်ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုးလဲလှယ်နိုင်ရေး နှင့် အချက်အလက် မှားယွင်းကွဲလွဲမှုများရှိက သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနများနှင့် ဆက်သွယ်ဆောင် ရွက်သွားရန်၊ စည်းရုံးရေးကာလအတွင်း ပြည် သူများ အနှောင့်အယှက်မဖြစ်စေရေး သတိ ပြု အလေးထားဆောင်ရွက်သွားကြရန်၊ လာ မည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရရန် အခွင့်အလမ်း ပိုမိုရရှိလာနိုင်သည်ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများအဖြစ် ပြင်ဆင်တည်ဆောက်ထားကြရန်၊ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်ရေး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် လာမည့်ရွေးကောက်ပွဲတွင် EVM (Electronic Voting Machine) စက်ဖြင့် မဲပေးနိုင်ရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ပါတီများမှတာဝန်ရှိသူများက ပါတီလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးအောင်စောဝင်း၊ ဦးစိုးဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ခုနစ်ပါတီမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent