တောင်ကိုရီးယားထိပ်တန်းမင်းသား ယူအာအင်း မူးယစ်ဆေးသုံးမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေမှုအတွင်း ယူအာအင်း၏သူငယ်ချင်း YouTuber တစ်ဦးကိုလည်း စွဲချက်တင်ထားသည်ဟု Allkpop သတင်းတစ်ရပ်က ဖော်ပြထားသည်။
နာမည်ကျော် YouTuber တစ်ဦးဖြစ်ပြီး Subscriber အရေအတွက် ၃၂၀,၀၀၀ ခန့်ရှိကာ ပြီးခဲ့သည့်ဇန်နဝါရီတွင် ယူအာအင်းအပါအဝင် အသိိအကျွမ်းလေးဦးနှင့်အတူ အမေရိကန်၌ ဆေးခြောက်သုံးခဲ့သည်ဟု သတ်မှတ်ခံထားရသည်။
သူကိုယ်တိုင်ကလည်း စစ်ဆေးခံရစဉ်အတွင်း သံသယအများစုကို ဝန်ခံခဲ့သည်။
နဂိုက ယူအာအင်းသည် ပရိုပိုဖိုး၊ ဆေးခြောက်၊ ကိုကင်း၊ ကီတမင်း၊ ဇိုပီဒမ်စသည့် မူးယစ်ဆေးငါးမျိုးသာ သုံးခဲ့သည်ဟု သံသယအရှိခံခဲ့ရသော်လည်း ယခုမူ မူးယစ်ဆေးခုနစ်မျိုးကျော် သုံးစွဲသူအဖြစ် စစ်ဆေးခံနေရသည်။
YouTuber သူငယ်ချင်းအပြင် အာဏာပိုင်များက ယူအာအင်း၏ နောက်သူငယ်ချင်း တစ်ဦး(အနုပညာသင်တန်းကျောင်းဆင်း)၊ နောက်ထပ် YouTuber တစ်ဦးနှင့် အမေရိ ကန်နိုင်ငံသားခံယူထားသူ စသည့်သုံးဦးကိုလည်း သံသယရှိသူများအဖြစ် စုံစမ်းဖော် ထုတ်လျက်ရှိသည်။ နောက်ထပ် YouTuber ဆိုသူက ယူအာအင်းငွေပေးရှောင်ခိုင်းထားပြီး ပြင်သစ်ကိုထွက်ပြေးသွားပြီဟု ရဲတပ်ဖွဲ့က သံသယရှိနေကြသည်။
ယူအာအင်းသည် အလုပ်နှင့်ပတ်သက်လျှင် အသေးစိတ်ဂရုစိုက်တတ်သူအဖြစ် တွဲဖက်သရုပ်ဆောင် အချင်းချင်းရော၊ ဒါရိုက်တာများကပါ ချီးကျူးလေးစားရသူဖြစ်သည်။ Hellbound Season 1 တွင် သူပါခဲ့သော် လည်း ယခုမူ အမှုရင်ဆိုင်နေရသည့်အတွက် Season 2 တွင် ပါမလာတော့ပေ။