■  ဒိုင်လူကြီးများကို ပြောဆိုခဲ့ခြင်းအတွက် မော်ရင်ဟို အရေးယူခံရဖွယ်ရှိ     

■  ဒိုင်လူကြီးများကို ပြောဆိုခဲ့ခြင်းအတွက် မော်ရင်ဟို အရေးယူခံရဖွယ်ရှိ     
Photo: Getty Images
Photo: Getty Images
Published 2 June 2023

ရိုးမားအသင်း၏နည်းပြ မော်ရင်ဟိုသည် ယူရိုပါလိဂ်ဗိုလ်လုပွဲကို တာဝန်ယူကြီးကြပ်ခဲ့သော ဒိုင်လူကြီးများအား ဝေဖန်ပြောဆိုခဲ့ခြင်းအတွက် အရေးယူခံရဖွယ်ရှိကြောင်း သိရသည်။ 

ယင်းပွဲကို အန်သိုနီတေလာ ဦးဆောင်သည့် ဒိုင်အဖွဲ့ က တာဝန်ယူခဲ့ခြင်းဖြစ်ပြီး အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အချို့ရှိခဲ့သည်။ 

ထို့ကြောင့် မော်ရင်ဟိုက ပွဲအပြီး ကားပါကင်၌ ဆုံတွေ့စဉ် လူလိမ်လူညစ်များဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါအပြုအမူကို အန်သိုနီတေလာက UEFA ထံ တင်ပြတိုင်တန်းခဲ့ပါက မော်ရင်ဟိုအနေဖြင့် အရေးယူခံရဖွယ်ရှိနေခြင်းဖြစ်သည်။

Most Read

Most Recent