ပရီးမီးယားလိဂ်ဟာ သူ့ကို ပိုပြီးဖွံ့ဖြိုးတိုးတက်စေတယ်ဆိုတာ ထရိုဆက်ဒ် ဝန်ခံတယ်။ အကျပ်အတည်းကာလတွေ အများကြီး ရင်ဆိုင်ဖူးပေမယ့် ပရီးမီးယားလိဂ်မှာလောက် ခက်ခဲတာမျိုးမရှိဘူးလို့လည်း ထရိုဆက်ဒ် တွေးနေမိတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းဟာ မတူညီတဲ့ခံစားချက်ကို ပေးစွမ်းပြီး ကိုယ့်ကိုပိုပြီး သန်မာစေခဲ့တယ်။ စိတ်မကောင်းစရာတစ်ခုက သူ့အဘိုးဟာ ပရီးမီးယားလိဂ်မှာ ထရိုဆက်ဒ်ကစားတာ တစ်ကြိမ်မှ ကွင်းထဲလာမကြည့်ဖူးတာပါပဲ။ ထရိုဆက်ဒ်ရဲ့ ငယ်ဘဝမှာ ဘောလုံးပညာတွေ သင်ကြားပေးခဲ့သူ အဘိုးဟာ အင်္ဂလန်ကို တစ်ခါမှ မရောက်ဖူးပေမယ့်ဘယ်ခြေနဲ့ ထရိုဆက်ဒ် ဂိုးသွင်းပြီးချိန်တိုင်း အဝေးကနေ ကြည်နူးနေတတ်ပါတယ်။ "မင်းငယ်ငယ်တုန်းကဘယ်ခြေနဲ့ကန်တတ်အောင် ဘာလို့ လေ့ကျင့်ပေးခဲ့လဲဆိုတာသိပြီလား" လို့လည်း အဘိုးဖြစ်သူဟာ ထရိုဆက်ဒ်ကိုလှမ်းပြောတတ်ပါသေးတယ်။ အခု ထရိုဆက်ဒ်ဟာ အာဆင်နယ်နဲ့ အနာဂတ်အသစ်ဆီ အားကောင်းမောင်းသန် ချီတက်နေပါပြီ။
ထရိုဆက်ဒ်အတွက် အဘိုးပေးတဲ့ ဘယ်ခြေအမွေ (Life)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။