လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဘယ်လာရုစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister Major General Nazarenko Yuryi Gennadievich ဘယ်လာရုစ်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး Lt General Ivan Kubrakob ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့သည် မေ ၁ ရက် ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး မေ ၂ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ တွင် ဘယ်လာရုစ် သမ္မတနိုင်ငံ မင့်စ်ခ် (Minsk) အမျိုးသားလေဆိပ်သို့ရောက်ရှိြကရာ ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာနမှူး Colonel Mr.Begun Alexey Yurievich နှင့် တာဝန်ရှိသူများက အဆိုပါလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ ၃ ရက် နံနက်ပိုင်းတွင် မင့်စ်ခ်မြို့ရှိ ပြည်ထဲရေးဝန်ကြီး ဌာနဧည့်ခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister Major General Nazarenko Yuryi Gennadievich ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် BIOMETRIC နည်းပညာသုံး အမျိုးသားစိစစ်ရေး ကတ်စနစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို အပြန်အလှန်အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင့်စ်ခ်မြို့ရှိ အမျိုးသားအီလက်ထရောနစ် ဗဟိုထိန်းချုပ်ကွပ်ကဲရေး စင်တာသို့သွားရောက်ကြည့်ရှုလေ့လာကြရာ Director Gradusof Roman Anatovich နှင့်တာဝန်ရှိသူများက ဘယ်လာရုစ်နိုင်ငံ၏ e-ID စနစ် အကောင်ထည်ဖော်ဆောင်ရွက်နေမှုအခြေနေများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်မှုအခြေအနေများ၊ သတင်းအချက်အလက်စနစ်ပေါ်ပေါက်လာပုံနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုစနစ်အတွက် လိုအပ်သည့် အရင်းအမြစ်များ၊ အမျိုးသား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိအသုံးပြုဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် e-ID စနစ်အကောင်ထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားကာ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။